ကိုယ့်ရဲ့ teamကိုအဝေးကနေ အကောင်ဆုံးဘယ်လိုစီမံမလဲ။

ကိုရိုနာဗိုင်းရက်စ်ရဲ့ ရိုက်ခတ်မှုက လုပ်ငန်းခွင်တွေကို အတွေ့အကြုံအသစ်တွေ၊စာမျက်နှာအသစ်တွေကိုဖွင့်လှစ်ပြသလိုက်တာပါပဲ။ အခုဆိုရင်ဝန်ထမ်းတွေအနေနဲ့ ရုံးတက်စရာမလိုပဲ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ မန်နေဂျာတွေနဲ့ အဝေးကနေပဲအလုပ်လုပ်ကြရတယ်ဆိုတာ အသစ်အဆန်းတစ်ခုမဟုတ်တော့ဘဲ လုပ်ကိုလုပ်ရမယ့်အခြေအနေတစ်ခုဖြစ်လာပါတယ်။ အဖွဲ့ခေါင်းဆောင်တွေနဲ့ မန်နေဂျာတွေအတွက်လည်း ကိုယ့်ရဲ့ Teamကိုအဝေးကနေပဲ စီမံခန့်ခွဲနိုင်ဖို့လိုအပ်လာပါတယ်။

၁။နေ့စဉ် Check-Ins ပြုလုပ်ပါ။

ကိုယ့်ရဲ့ team အပေါ် လိုအပ်တာတွေ အထောက်အပံပေးနိုင်ဖို့၊ တစ်နေ့တာ တာဝန်တွေပြီးဆုံးအောင် အစီအစဉ်ချပေးနိုင်ဖို့နဲ့ ကိုယ့် team ရင်ဆိုင်နေရတဲ့ အခြေအနေအမျိုးမျိုးကို သိရှိနားလည်နိုင်ဖို့အတွက် နေ့စဉ် Check-Ins အစည်းအဝေးပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ အားလုံးသုံးရအဆင်ပြေတဲ့ Zoom၊ Skype နဲ့Google’s Team Hangouts တို့လိုမျိုး ချန်နယ်တွေကိုအသုံးပြုပြီး Check-Ins အစည်းအဝေးနဲ့  လုပ်ငန်းခွင်တစ်နေ့တာကိုစတင်သင့်ပါတယ်။

၂။ ဘယ်အရာကိုမဆို ရှင်းအောင် ပြောပြပါ။

အဝေးကနေပဲ ပြောဆိုဆက်ဆံကြရတဲ့အချိန်တွေမှာ ကြုံရမယ့်အခက်အခဲကတော့ စကားလုံးတွေမပါဘဲ တစ်ယောက်နဲ့တစ်ယောက်ပိုနားလည်အောင်လုပ်ပေးတဲ့ ကိုယ်အမူအရာ၊မျက်နှာအမူအရာတွေကို မတွေ့ရတာပါပဲ။ ဒါကြောင့် အဖွဲ့ခေါင်းဆောင်တွေနဲ့ မန်နေဂျာတွေအတွက်လည်း Under Communication ထက် Over Communication လုပ်ဖို့လိုလာပါတယ်။ Over Communication ဆိုတာက ဝန်ထမ်းတွေလိုအပ်တဲ့ အချက်အလက်အစုံကိုပေးသိရုံသာမက မျှော်လင့်ထားရမယ့် အကျိုးရလဒ်နဲ့  လုပ်ဆောင်ရမယ့် နည်းလမ်းအမှန်ကိုပါရှင်းပြပြောဆိုနိုင်တာပဲဖြစ်ပါတယ်။

၃။ Expectation တွေကို ထိန်းချုပ်ခန့်ခွဲနိုင်ရမယ်။

ကိုယ့်ဝန်ထမ်း၊အဖွဲ့သားတွေနဲ့အတူတူ လက်ရှိလုပ်နေတဲ့အလုပ်အတွက် လက်တွေ့ကျတဲ့ Expectation တွေရှိအောင် ဘာတွေလုပ်သင့်တယ်ဆိုတာကို ပူပေါင်းအဖြေရှာရမယ်။

လုပ်ငန်းအောင်မြင်ဖို့အတွက် ကိုယ်ကိုယ်တိုင်ရောအဖွဲ့သားတွေပါအတူ ကိုယ့်လုပ်ရတဲ့ လုပ်ငန်းရဲ့ အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်းသိထားဖို့လိုပါတယ်။ နောက်ပြီး လုပ်ငန်းကို အချိန်မှီထိထိရောက်ရောက်ဆောင်ရွက်နိုင်မှု တွေကတစ်ဆင့် လုပ်ငန်းရဲ့ အောင်မြင်မှုကို တိုင်းတာနိုင်ဖို့လည်းလိုအပ်ပါတယ်။

၄။ လုပ်ဆောင်မှုထက် ရလဒ်ကလည်းပိုအရေးကြီးပါတယ်။

အိမ်ကနေအလုပ်လုပ်ရတယ်ဆိုတာ တစ်ချို့လူတွေအတွက် အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ အဝေးကနေပဲ အလုပ်လုပ်ကြရတဲ့အခါမှာ ၀န်ထမ်းတွေရဲ့ လုပ်ငန်းပြီးစီးအောင်ဆောင်ရွက်နိုင်မှုနဲ့ တစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်နိုင်ရည်အပေါ်မှာ ပဲဂရုစိုက်သင့်ပါတယ်။ အလုပ်လုပ်ချိန်ကို အသေးစိတ်လိုက်စီမံခန့်ခွဲနေခြင်းက လုပ်ငန်းဆောင်တာပြီးမြောက်ဖို့အတွက် တွန်းအားမဖြစ်စေပါဘူး။ 

အလုပ်လုပ်နေတယ်ဆိုတာထက် လုပ်ငန်းတာဝန်ပြီးဆုံးအောင် လုပ်ဆောင်နိုင်ခြင်းကို အဓိကထားကြည့်တက်ဖို့တော့လိုပါတယ်။ ဒီအချက်တွေအတိုင်းလုပ်ဆောင်နေတယ်ဆိုရင် သင့်teamက အောင်မြင်မှုလမ်းကြောင်းပေါ်မှာရှိတယ်ဆိုတာ မီးမောင်းထိုးပြလိုက်တာပါပဲ။

၅။ လိုက်လျှောညီထွေရှိဖို့လိုပါတယ်။

အဝေးကနေပဲ အလုပ်လုပ်ကြရတဲ့အခါမှာ မန်နေဂျာတွေအနေနဲ့ ကိုယ့်team ရဲ့ လုပ်ငန်းပြီးမြောက်နိုင်မှုစွမ်းအားက ဘာလဲဆိုတာသေချာသိဖို့လိုပါတယ်။ အရေးကြီးတာက ကိုယ့်ရဲ့ဝန်ထမ်းက ဒီထက်အများကြီးလုပ်နိုင်တယ်ဆိုတာ ယုံကြည်ထားဖို့နဲ့ ဒီလိုအပြောင်းအလဲကာလမှာ ဘယ်လိုအလုပ်လုပ်တဲ့ပုံစံက ပိုထိရောက်လဲ၊မထိရောက်ဘူးလဲဆိုတာတွေကို သူတို့ကိုယ်တိုင် လက်တွေ့လုပ်ကြည့်ပြီးဆုံးဖြတ်နိုင်ဖို့လို့ပါတယ်။ ဒါကြောင့် ကိုယ်teamကိုယုံကြည်မှုအပြည့်ပေးပြီး လွတ်လွတ်လပ်လပ် ဆောင်ရွက်ခိုင်းတာက သူတို့ရဲ့ လုပ်ငန်းပြီးမြောက်နိုင်မှုစွမ်းအားကို တိုးတက်စေမှာပဲဖြစ်ပါတယ်။

၆။ ကိုယ်team ဘက်ကရပ်တည်ပေးပါ။

အိမ်မှာပဲအလုပ်လုပ်ရတာက အထီးကျန်ပြီး မကောင်းတဲ့စိတ်ခံစားချက်တွေ ဝင်ရောက်လာစေပါတယ်။

ဒါကြောင့် မန်နေဂျာတွေအနေနဲ့ ကိုယ့်teamကို စိတ်ခွန်အားပေးနိုင်ဖို့လည်းလိုပါတယ်။ ပုံမှန်အချိန်တွေထက် အမြဲအဆင်သင့်ရှိနေသင့်ပြီး အလုပ်ချိန်အတွင်း ဆက်သွယ်ရလွယ်ကူအောင် အမြဲရှိနေပေးတာတွေက ဝန်ထမ်းတွေအတွက် အကူအညီဖြစ်စေမှာပါ။ ဝန်ထမ်းအားလုံးကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ တိုက်တွန်းပေးရမှာဖြစ်သလို အသစ်ရောက်လာတဲ့ ဝန်ထမ်းတွေအပေါ် လုပ်ငန်းခွင်နဲ့အသားကျအောင်ဆောင်ရွက်ပေးဖို့လိုပါတယ်။ ဝန်ထမ်းတွေကို ကိုယ်လက်လေ့ကျင့်ခန်း

လုပ်ဖို့ ကောင်းကောင်းအနားယူဖို့နဲ့ တစ်ကိုယ်ရေစောင့်ရှောက်ဖို့ကိုလည်း အားပေးတိုက်တွန်းဖို့လိုအပ်ပါတယ်။

၇။နည်းပညာကိုအသုံးချပါ။

ဝန်ထမ်းတွေနဲ့ အဆက်အသွယ်မပြတ်ဘဲ လုပ်ငန်းပြီးမြောက်မှုအတိုင်းအတာတွေကို ထိန်းသိမ်းထားနိုင်ဖို့လိုပါတယ်။ Email သို့မဟုတ် Text Message တွေနဲ့ဆက်သွယ်ပြောဆိုတာက ရှေရှည်အတွက်အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့်ပုံမှန်ဆက်သွယ်ပြောဆိုဖို့ အဆင်ပြေတဲ့ Slack သို့မဟုတ် Microsoft Teamsတို့လို Toolsတွေကိုအသုံးပြုသင့်ပါတယ်။ ကိုယ့် Teamအတွက် အဆင်ပြေမယ့် ဆက်သွယ်ရေး Toolsတွေကို ရွေးချယ်အသုံးပြုတတ်ဖို့တော့လိုအပ်ပါတယ်။

 

Stay Connected

More Updates

လက်ဆောင်ပေးဖို့အတွက် အိုင်ဒီယာများ

လက်ဆောင်ပေးဖို့အတွက် အိုင်ဒီယာများ   ကိုယ်ချစ်ရ၊ ခင်ရတဲ့ မွေးနေ့ရောက်ရင် ဘာပေးရမလဲဆိုတာ ခေါင်းစားဖူးပါသလား?   ကိုယ်ရဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေပဲဖြစ်ဖြစ်၊ မိဘ၊ ဆွေမျိုး၊ မောင်နှမကိုပဲဖြစ်ဖြစ် လက်ဆောင်ပေးလို့ရအောင် လူကြိုက်များတဲ့လက်ဆောင်အမျိုးအစားအခု (၂၀) ကို စာရင်းလုပ်ပေးထားပါတယ်။   ယောကျ်ားလေးနဲ့ မိန်းကလေးအတွက် လက်ဆောင်ပေးလို့ရမယ့် အမျိုးအစားခွဲပြီးပြောပြပေးသွားပါမယ်။   ယောကျာ်းလေးတွေအတွက် လက်ဆောင်အမျိုးအစားများ   ယောက်ျားတွေမွေးနေ့ဆိုရင် လက်ဆောင်ရတာရှားတတ်တာရှားတယ်။ မွေးနေ့လက်ဆောင်ကိုဘာလိုချင်တယ်ဆိုတာမျိုးလည်းမပြောတတ်တော့

Read More »

သင့်လုပ်ငန်း eCommerce စတင်ဖို့ လိုကြောင်းပြနေတဲ့ အချက် ၅ ချက်

Ecommerce တွေက အရမ်းကို လူဝင်စားတဲ့ အကြောင်းအရာဖြစ်လာပါတယ်။ ဒီနေ့ခေတ်ကာလမှာ ဈေးဝယ်သူတွေက အွန်လိုင်းကနေ ဈေးဝယ်ရတာကို ပို သဘောကျလာကြသလို ရောင်းသူတွေကလည်း ဒီ ဝယ်လိုအားကို ဖြည့်ဆည်းဖို့ ၊ လုပ်ငန်းအကြီးအသေးအလိုက် ကိုယ့် ကုန်ပစ္စည်းရောင်းချရဖို့ အခွင့်ကောင်းဖြစ်နေပါတယ်။ မိတ်ဆွေက အခုထိ အွန်လိုင်းမှာ ဈေးကွက် မစသေးဘူးဆိုရင်

Read More »
Protecting your brand during the time of Covid-19

ကိုယ့်ရဲ့Brand ကိုအခုလိုကာလမှာ ဘယ်လိုခိုင်မာအောင်တည်ဆောက်မလဲ။

ကိုဗစ်၁၉ရဲ့ရိုက်ခတ်မှုက ကုမ္ပဏီတွေကို ကိုယ့်ရဲ့ လုပ်ငန်းအကြောင်းကိုသေချာပြန်စဉ်းစားဖို့ အချိန်ပေးလိုက်သလိုပါပဲ။ အပြောင်းအလဲတွေအများကြီးရှိလာတဲ့အတွက် ကိုယ့်ရဲ့ လုပ်ငန်းအတွက် အခွင့်အရေးအသစ်တွေလည်း ရှိလာနိုင်သလို အခုလိုအိမ်မှာနေရတဲ့အချိန်မျိုးမှာ လူတွေကဒီဂျစ်တယ် ကွန်းတန့်တွေကိုပိုစိတ်ဝင်စားလာတာဖြစ်တဲ့အတွက် ဒီဂျစ်တယ် မားကတ်တင်းရဲ့ အခန်းကဏ္ဏကလည်း အရေးကြီးလာပါတယ်။ ဒီဘလော့ထဲမှာဆို Insightsတွေအားလုံးကို တစ်စုတစ်စည်းထဲဖော်ပြပေးထားလို့ ကိုယ့် Brand ကိုဘယ်လိုခိုင်မာအောင်ထိန်းသိန်းထားနိုင်မလဲဆိုတာနဲ့ လုပ်ငန်းရဲ့အရေးကြီးတဲ့ Core

Read More »

Ready to launch?

Get started with fastforward

Book a demo to find out more about how you can benefit from the platform