ကိုဗစ်၁၉ရဲ့ရိုက်ခတ်မှုက ကုမ္ပဏီတွေကို ကိုယ့်ရဲ့ လုပ်ငန်းအကြောင်းကိုသေချာပြန်စဉ်းစားဖို့ အချိန်ပေးလိုက်သလိုပါပဲ။ အပြောင်းအလဲတွေအများကြီးရှိလာတဲ့အတွက် ကိုယ့်ရဲ့ လုပ်ငန်းအတွက် အခွင့်အရေးအသစ်တွေလည်း ရှိလာနိုင်သလို အခုလိုအိမ်မှာနေရတဲ့အချိန်မျိုးမှာ လူတွေကဒီဂျစ်တယ် ကွန်းတန့်တွေကိုပိုစိတ်ဝင်စားလာတာဖြစ်တဲ့အတွက် ဒီဂျစ်တယ် မားကတ်တင်းရဲ့ အခန်းကဏ္ဏကလည်း အရေးကြီးလာပါတယ်။
ဒီဘလော့ထဲမှာဆို Insightsတွေအားလုံးကို တစ်စုတစ်စည်းထဲဖော်ပြပေးထားလို့ ကိုယ့် Brand ကိုဘယ်လိုခိုင်မာအောင်ထိန်းသိန်းထားနိုင်မလဲဆိုတာနဲ့ လုပ်ငန်းရဲ့အရေးကြီးတဲ့ Core Valuesတွေကို ပြန်စဉ်းစားနိုင်ဖို့ အကူအညီဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
၁။ လက်ရှိကိုယ်ရောက်နေတဲ့အခြေအနေနဲ့ ဘယ်အရာတွေအပေါ်အကျိုးသက်ရောက်နေလဲဆိုတာသိရမယ်။
အခုလို တစ်ကမ္ဘာလုံးအနေအထားနဲ့ ပွဲတွေအစီအစဉ်တွေ ဖျက်သိမ်းတာ၊ရွှေ့ဆိုင်းတာမျိုးနဲ့ ကြုံနေရတဲ့အချိန်မှာ ကိုယ့် Brand အနေနဲ့ အရေးကြီးတဲ့အကြောင်းအရာတွေကို Onlineကတစ်ဆင့် ဘယ်လိုမားကတ်တင်းလုပ်နိုင်မလဲဆိုတာတွေစဉ်းစားဖို့လိုလာပါပြီ။ Social Distancing လုပ်နေရတဲ့ အခုလိုကာလတွေမှာ ကိုယ်အရင်တုန်းက လုပ်နေကြပုံစံအတိုင်း၊စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်နိုင်ဖို့မလွယ်ဘူးဆိုတာလည်း နားလည်ထားဖို့လိုပါတယ်။
၂။ ကိုယ့်Brand အတွက်ဘယ်အရာတွေက အသုံးဝင်မလဲ။
Brand တွေအနေနဲ့ အရင်လိုပုံမှန်အတိုင်း လုပ်ငန်းလည်ပတ်နိုင်အောင် ကိုယ်ချဉ်းကပ်ဆောင်ရွက်နေတဲ့နည်းလမ်းတွေကို ပြန်စဉ်းစားဖို့လိုပါမယ်။ မားကတ်တင်း နည်းဗျူဟာ လစ်ဟင်းမှုကလည်း အခုလိုကာလမှာကိုယ့်Brandရဲ့ရပ်တည်မှုနဲ့ Clientဆက်ဆံရေးအတွက် အခက်အခဲတစ်ခုဖြစ်လာနိုင်ပါတယ်။ တခြားBussiness တွေအနေနဲ့ သူတို့ ရဲ့ မားကတ်တင်း အစီအစဉ်တွေကို ရပ်ထားရတာလိုမျိုး ဖိအားတွေနဲ့ကြုံနေရတဲ့အချိန်မှာ ကိုယ့်Brandအနေနဲ့ လုပ်နိုင်သလောက်အများကြီးပိုလုပ်ထားဖို့လိုပါတယ်။ စားသုံးသူတွေအနေနဲ့လည်း အခုလိုကာလမျိုးမှာ လူတွေနဲ့ပိုမိုထိတွေ့ချင်လာတဲ့အတွက် Online မားကတ်တင်းကတစ်ဆင့် ကိုယ့်Brandရဲ့Customerတွေဆီရောက်အောင် ထိတွေ့နိုင်ဖို့ လိုပါတယ်။ ကိုယ်ကိုယ်တိုင်လည်း အောက်မှာပေးထားတဲ့ brand’s marketing tasks တွေကိုအသုံးပြုပြီး လစဉ်ဘယ်လောက်ထိအကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့လဲဆိုတာကို ပြန်လည်ဆန်းစစ်နိုင်ပါတယ်။
Marketer’s Checklist
- ဘာတွေဖြစ်နေလဲဆိုတာအမြဲနားစွင့်ထားဖို့လိုအပ်ပြီး Customerတွေရဲ့ အမြင်သစ်၊လိုအပ်ချက်အသစ်တွေကို အချိန်မီဆောင်ရွက်ပေးနိုင်ရမယ်။
- အနာဂတ်မှာ ကိုယ့်Product နဲ့ Serviceအပေါ် ဘယ်လိုအကြောင်းအရာတွေကထိရောက်မှုတွေရှိလာနိုင်လဲဆိုတာကြိုတွေးထားရမယ်။
- မားကတ်တင်းကတစ်ဆင့် ချက်ချင်း အလွယ်တကူပေးနိုင်မယ့်အာမခံချက်ကဘာလဲ။
- လူတွေနဲ့တစ်ထပ်တည်းကျတဲ့ မားကတ်တင်းမျိုးဖြစ်ရဲ့လား။
- လူတွေရဲ့ မီဒီယာအသုံးချမှုရလဒ်တွေပေါ်မူတည်ပြီး အမြဲ Update ဖြစ်နေရမယ်။
၃။ ချက်ချင်းဆောင်ရွက်နိုင်မယ့်အရာတွေကဘာတွေလဲ။
ကုမ္ပဏီအနေနဲ့ ရေရှည်အတွက် အဆင်ပြေမယ့် မားကတ်တင်း နည်းဗျူဟာတွေကို ရွေးချယ်တတ်ဖို့လိုတယ်။ ပုံမှန်ရေရှည်ထိန်းသိမ်းနိုင်ပြီး အသစ်အသစ်တွေကို ကူးပြောင်းလုပ်ဆောင်နိုင်ဖို့ဆိုတာမလွယ်ကူပါဘူး။ ဒါပေမယ့် အခုလိုကပ်ဘေးနဲ့ကြုံနေရတဲ့ ကာလမျိုးမှာ ကိုယ့် Brand ကိုခိုင်မာတည်ဆောက်နိုင်ဖို့ လိုအပ်တဲ့အချက်လေးတွေကိုအောက်မှာဖော်ပြပေးလိုက်ပါတယ်။
၀၁။အပ်နဲ့ထွင်းရမယ့်ဟာကို ပုဆိန်နဲ့မပေါက်ပါနဲ့။
ဒီအချိန်က လုပ်ငန်းတွေအနေနဲ့ ဝင်ငွေရှိနေဖို့ ကြိုးစားရမှာမှန်ပေမယ့် မားကတ်တင်းအတွက်သုံးဖို့ငွေတွေကို ရပ်ပစ်လိုက်ဖို့လိုအပ်လား။ အဲဒါကကောနည်းလမ်းအမှန်ဟုတ်ရဲ့လား။ အပ်နဲ့ထွင်းရမယ့်ကိစ္စကို ပုဆိန်နဲ့ပေါက်မိတာမျိုးကြောင့် ကိုယ်အကျိုးအမြတ်ရနိုင်တဲ့ ချန်နယ်ကို သေချာမစစ်ဆေးပဲဖြတ်တောက်ပစ်မိတာမျိုးဖြစ်တွေဖြစ်လာနိုင်ပါတယ်။ ကိုယ့်ရဲ့ဒေတာတွေကို နားလည်ပြီး ဘယ်နေရာမှာမှန်မှန်ကန်ကန် အသုံးပြုနေလဲဆိုတာက အခုလိုကာလမျိုးမှာတောင် ချက်ချင်းအကျိုးသက်ရောက်မှုရှိစေပါတယ်။ ဒါကြောင့်မှားယွင်းတဲ့ဆုံးဖြတ်ချက်မျိုးကြောင့် ကိုယ့်လုပ်ငန်းအရင်လို ပြန်လည်ဦးမော့ဖို့ ခက်ခဲသွားတာမျိုးတွေ ဖြစ်လာတက်ပါတယ်။
၀၂။အခုတည်းကစပြီး အနာ၈တ်အတွက်ကြိုတင်ငွေကြေးမြုပ်နှံထားပါ။
ဒီကာလကြီးပြီးသွားရင် အခြေအနေတွေအကုန်အရင်လိုပြန်ဖြစ်ဖို့ဆိုတာခက်ပါတယ်။ အဲ့ဒီတော့ နောက်ဖြစ်လာမယ့် new normal lifeအတွက်လည်းကြိုတင်စဉ်းစားထားဖို့လိုပါမယ်။ အခုဆိုရင်လူတိုင်းက ကိုယ့်ရဲ့ပုံမှန်နေ့စဉ်ဘဝတွေက onlineပေါ်ကိုရောက်ရှိလာကြပါပြီ။ ဒီလိုအခြေအနေမျိုးမှာ ရေရှည်မှာ Customerတွေအတွက် ဘယ်အရာတွေကအကောင်းဆုံးဖြစ်လာမလဲဆိုတာ စစ်တမ်းကောက်လေ့လာထားသင့်ပါပြီ။ ဘယ်လောက်ထိကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်မလဲဆိုတာက ကိုယ့်ရဲ့ Brand ဒီလိုခက်ခဲတဲ့ကာလအပြီးမှာ ဘယ်လောက်ကြံကြံခံနိုင်မလဲနဲ့အတူတူပါပဲ။
၀၃။ ကိုယ့်ရဲ့ဈေးကွက်ကိုနားလည်ထားဖို့လိုတယ်။
လူတွေကအခုချိန်မှာ အရင်ကထက်ပိုပြီး အွန်လိုင်းပိုအာရုံစိုက်လာကြတယ်။ အခုလိုကာလမျိုးမှာ လူတွေလိုအပ်နေတဲ့ အကြောင်းအရာ ကွန်းတန့်တွေကို ဖန်တီးပြီး လူတွေရဲ့စိတ်ဝင်စားမှုကို အရယူဖို့လိုတယ်။ ဒါကြောင့် ကိုယ့်ဈေးကွက်ကို သေသေချာနားလည်ထားဖို့လိုပါတယ်။ အဲ့ဒီလိုနားလည်းနိုင်ဖို့ မှတ်ထားရမယ့် အချက်သုံးချက်ကတော့
- ကိုယ့်ရဲ့ audienceကိုနားလည်ထားရမယ်။
- ကိုယ့် ကုမ္ပဏီကသူများတွေထက် ဘာတွေပိုကောင်းသလို ဘယ်လိုအားသာချက်တွေရှိလဲဆိုတာ သေချာသိထားရမယ်။
- နောက်ဆုံးတစ်ခုကတော့ အပေါ်ကအချက်နှစ်ချက်ကို ကိုယ့် audienceတွေဆီဘယ်ချန်နယ်တွေကနေပြောပြမလဲဆိုတာပါပဲ။