လက်ဆောင်ပေးဖို့အတွက် အိုင်ဒီယာများ
ကိုယ်ချစ်ရ၊ ခင်ရတဲ့ မွေးနေ့ရောက်ရင် ဘာပေးရမလဲဆိုတာ ခေါင်းစားဖူးပါသလား?
ကိုယ်ရဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေပဲဖြစ်ဖြစ်၊ မိဘ၊ ဆွေမျိုး၊ မောင်နှမကိုပဲဖြစ်ဖြစ် လက်ဆောင်ပေးလို့ရအောင် လူကြိုက်များတဲ့လက်ဆောင်အမျိုးအစားအခု (၂၀) ကို စာရင်းလုပ်ပေးထားပါတယ်။
ယောကျ်ားလေးနဲ့ မိန်းကလေးအတွက် လက်ဆောင်ပေးလို့ရမယ့် အမျိုးအစားခွဲပြီးပြောပြပေးသွားပါမယ်။
ယောကျာ်းလေးတွေအတွက် လက်ဆောင်အမျိုးအစားများ
ယောက်ျားတွေမွေးနေ့ဆိုရင် လက်ဆောင်ရတာရှားတတ်တာရှားတယ်။ မွေးနေ့လက်ဆောင်ကိုဘာလိုချင်တယ်ဆိုတာမျိုးလည်းမပြောတတ်တော့ ဘာပေးရမလဲမသိဖြစ်နေရင်တော့ အခုပြောပေးမယ့်ပစ္စည်းလေးတွေက တကယ်အကြိုက်တွေ့စေမယ့်ပစ္စည်းလေးတွေပါ။
1.Gamdias Eros M2 Gaming Headset
Price: 23,922 kyats
https://anymart.com.mm/index.php?route=product/product&product_id=10879
တကယ်လို့ သင့်ရဲ့အကိုဒါမှမဟုတ် ဂိမ်းဆော့လေ့ရှိတဲ့အသိယောကျာ်းလေးဆိုရင်တော့ မရှိမဖြစ်လိုအပ်တာ gaming headset ပဲဖြစ်ပါတယ်။ ဒီနားကြပ်က ဂိမ်းဆော့တဲ့အခါမှာ ကြည်လင်ပြတ်သားတဲ့ အသံနဲ့ ရှင်းရှင်းလင်းလင်းကြားရစေပြီးတော့ နားကြပ်တစ်ခုရဲ့အစွမ်းနဲ့ ဂိမ်းဆော့နေတာနဲ့မတူဘဲ ကိုယ်တိုင်ဂိမ်းထဲရောက်သွားရတဲ့အတွေ့အကြုံမျိုးခံစားရစေမှာအမှန်ပါပဲ။ ဒါတင်မကသေးဘဲ အရောင် (၅) မျိုးအထိ ရွေးချယ်ဝယ်ယူလို့ရတဲ့ multi-color lighting ဖြစ်တဲ့အပြင် ပြင်ပဆူညံသံတွေကိုလည်းဖယ်ရှားပေးတဲ့ noise cancelling ပါတယ်။ နောက်ထပ်ထူးခြားတဲ့အချက်က PS4 နဲ့ပါချိတ်သုံးလို့ရတာဆိုတော့ အကြိုက်ပါပဲ။
2.Gamdias Achilles -E1L Gaming Chair (Red)
Price: 207,324 kyats
https://anymart.com.mm/index.php?route=product/product&product_id=13649
ဒီ gaming chairs တွေက သက်သောင့်သက်သာဂိမ်းဆော့လို့ရသလို ဂိမ်းမဆော့ရင်တောင် ၁၅၀ ဒီဂရီလှည့်ပြီးထိုင်ဆော့နေလို့ရတယ်။
3.CF Comfort Leather Brown Belt
Price: 19,000 kyats
https://anymart.com.mm/index.php?route=product/product&product_id=14748
ဒီသားရေခါးပတ်က ဖက်ရှင်ကျစေချင်တဲ့သူတွေအတွက် မရှိမဖြစ်ပါပဲ။ ဂျင်းဘောင်းဘီနဲ့ပဲတွဲတွဲ၊ ဘောင်းဘီအမဲနဲ့ပဲတွဲတွဲ ခေတ်မှီစမတ်ကျတဲ့ဖက်ရှင်ဖြစ်စေပါလိမ့်မယ်။
4.Imperial Black Zip around wallet from Yangoods
Price: 99,000 kyats
https://yangoods.com/collections/men-collection/products/yg5t2801b
ဒီပိုက်ဆံအိတ်လေးက ရိုးရိုးရှင်းရှင်းနဲ့ခေတ်မီပြီးတော့ vegan leather လည်းဖြစ်တဲ့အတွက် သူမတူတဲ့အမြင်နဲ့ သေသပ်လှပလွန်းပါတယ်။ ဒီလိုအိတ်မျိူးဆို အဖေ့ကိုလက်ဆောင်ပေးရင်အသင့်တော်ဆုံးပါပဲ။
5.Clip Pac Blue Jan Water Bottle 800 ml
Price 4,300 kyats
ရေအသက်တစ်မနက်ဆိုတဲ့အတိုင်း လူတိုင်းရေမသောက်ဘဲမနေနိုင်ကြပါဘူး။ ဒါပေမယ့်လည်း တစ်နေ့တာမှာ ရေသောက်နည်းတဲ့သူတွေရှိတတ်တာကြောင့် တကယ်လို့ ကိုယ်ပိုင်ရေဗူးနဲ့သာဆိုရင် ရေသောက်ဖို့လည်းသတိရစေတယ်။
6.Airpod 2
Price: 220,000 kyats
https://waiyan-eshop.com/search?type=product&q=airpods
ဒီလက်ဆောင်ရတဲ့သူကတော့ မကြိုက်ဘဲကို မနေပါဘူး။ Airpods တွေက အသံထွက်အားအရမ်းကောင်းတဲ့အပြင် ဖုန်းပြောရင်လည်း ကြည်လင်ပြတ်သားမှုရှိတယ်။ ပေါ့ပါးတယ်၊ သုံးရတာလည်းလွယ်တဲ့အပြင် သုံးဖူးသူတိုင်းအကြိုက်ဖြစ်နေတဲ့ airpod2 ကိုဝယ်ချင်တယ်၊ လက်ဆောင်ပေးချင်တယ်ဆိုရင်တော့ Wai Yan Electronics ကနေလည်း မှာယူနိုင်ပြီနော်။
7.Remax RB-M28 portable waterproof wireless speaker
Price:59,000 kyats
https://waiyan-eshop.com/products/remax-rb-m28?_pos=23&_sid=710582875&_ss=r
ထသွားထလာဘယ်နေရာမဆို သယ်သွားလို့ရသလို ခရီးသွားရင်လည်း အလွယ်တကူသယ်သွားလို့ရတဲ့ ကြိုးမဲ့ချိတ်ဆက်နားထောင်လို့ရတဲ့ remax စပီကာက ရေစိုခံတဲ့အပြင် အနက်ရောင်၊ အပြာနဲ့ အစိမ်းရောင်ဆိုပြီး ရွေးချယ်စရာအရောင် (၃) ရောင်လာပါတယ်။
8.Gamdias Ares M1 Gaming Keyboard
Price: 25,982 kyats
https://anymart.com.mm/index.php?route=product/product&product_id=20224
gamer တွေအကြိုက် လှပတဲ့ RGB ရောင်စုံမီးရောင်နဲ့ တစ်နှစ်ကျော်လောက်ထိ အာမခံချက်ရှိတဲ့ gaming keyboard ဖြစ်ပါတယ်။
9.Watch
Price: 20,900 kyats
https://anymart.com.mm/index.php?route=product/product&product_id=19759
ဒီဇိုင်းဆန်းပြီး လူကြီး၊ လူငယ်မရွေး ဝတ်လို့ရသလို ဈေးနှုန်းလည်းသက်သာတဲ့အတွက် လက်ဆောင်ပေးရင်လည်း သင့်တော်စေမှာပါ။
10. CF Comfort Men’s Hoodies – Black
Price: 25,500 kyats
https://anymart.com.mm/index.php?route=product/product&product_id=18304
cotton နဲ့လုပ်ထားတာဖြစ်လို့ သက်တောင့်သက်သာရှိစေပြီးတော့ မြန်မာနိုင်ငံရဲ့ ရာသီဉတုနဲ့သင့်တော်ပါတယ်။ ဒီ hoodie က ပေါ့ပေါ့ပါးပါးဖက်ရှင်မျိုးလည်းဖြစ်စေတဲ့အတွက်လက်ဆောင်ပေးရင်ကြိုက်ကြမှာအမှန်ပါပဲ။
မိန်းကလေးတွေအတွက် လက်ဆောင်အမျိုးအစားများ
မိန်းကလေးတွေရဲ့အကြိုက်ကိုသိဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စပါ။ များသောအားဖြင့်တော့ မိန်းကလေးတွေက အဝတ်အစား၊ မိတ်ကပ်ပစ္စည်း၊ skincare နဲ့ အစားအသောက်တွေကိုလိုချင်တာများကြတယ်။ ဒါပေမယ့် မိတ်ကပ်ဆိုလည်း ဘယ်လိုမိတ်ကပ်အမျိုးအစားတွေလဲ၊ ဘယ်တံဆိပ်တွေကသင့်တော်တာလဲဆိုတာကို မသိနားမလည်ကြတာများတယ်။ ဒါကြောင့် မိန်းကလေးအများစုကြိုက်နှစ်သက်စေမယ့် တံဆိပ်နဲ့ ပစ္စည်းတစ်ချို့ကို ပြောပြပေးသွားပါမယ်။
1. Bella Eyeliner Artist Brush 001 Jet Black
Price: 3,350 kyats
Eyeliner ကောင်းကောင်းဆွဲတတ်ဖို့ဆိုတာ မိတ်ကပ်ပြင်တာရဲ့အဓိကဖြစ်တဲ့အတွက် Bella Eyeliner က ရေစိုခံပြီးတော့ ဆွဲရလည်းလွယ်တဲ့အတွက်မိန်းကလေးတွေအကြိုက်ဖြစ်မှာပါ။
2. Sai Tint Tint Lip Tattoo
Price: 14,000 kyats
Sai Tint Tint Lip Tattoo ဆိုးတဲ့အခါ အခုလိုအချိန်မျိုးမှာ mask တပ်ပြီးအပြင်သွားရင်တောင် မပျက်သွားဘဲ နှုတ်ခမ်းပေါ်မှာအကြာကြီးခံတော့ ခဏခဏထုတ်ဆိုးစရာမလိုတော့ဘူး။
3. Kettle
Price: 49,900 kyats
https://shop.tigersupplymyanmar.com/eek3505
တကယ်လို့ ကော်ဖီပူပူသောက်တတ်တဲ့ကောင်မလေးဆိုရင် ရေနွေးအိုးကောင်းကောင်းတစ်လုံးလက်ဆောင်ပေးတာ အသင့်တော်ဆုံးပါပဲ။ ကော်ဖီမှမဟုတ်ဘူး၊ လက်ဖက်ရည်ပဲသောက်မလား၊ အချိန်မြန်မြန်နဲ့ ရေနွေးတည်လို့ရတဲ့ ရေနွေးအိုးလေးရရင် ပျော်နေမှာအမှန်ပါပဲ။
4. iPhone 11 pro max 1st copy cover
Price: 17,000 kyats
https://waiyan-eshop.com/products/27847?_pos=13&_sid=3f9c486fb&_ss=r
iphone 11 pro max အတွက် ဖုန်းကာဗာကောင်းကောင်းရှာနေတယ်ဆိုရင်တော့ အကြည်ရောင် ကာဗာလေးနဲ့ အကြမ်းလည်းခံ၊ အကြည်ရောင်ပေါ်မှာကိုယ့်စိတ်ကြိုက် DIY စမ်းလုပ်လို့ရတဲ့ ဒီကာဗာလေးကို မိန်းကလေးတွေသဘောကျကြပါတယ်။
5. Be Comfy Bean Bag (Large) in Navy Blue
Price :175,000 kyats
https://anymart.com.mm/index.php?route=product/product&product_id=19482
ကိုယ့်အိပ်ခန်းလေးထဲမှာ bean bag လေးတစ်လုံးရှိနေရင်ဘယ်လောက်တောင်ကောင်းမလဲ။ bean bag တွေက အိပ်ယာပေါ်မှာမအိပ်ချင်ဘူးဆိုရင်တောင် သက်သောင့်သက်သာနဲ့လဲလျောင်းအနားယူလို့ရတယ်။
6.Maybelline Colossal Waterproof Mascara
Price: 16,600 kyats
ဆိုင်တိုင်းမှာအလွယ်တကူဝယ်လို့ရပြီးတော့ ကမ္ဘာတစ်ဝှမ်းလုံးမှာ လူကြိုက်အများဆုံး mascaras ဖြစ်ပါတယ်။
7. Moezy Thanakha Face Mask
Price: 2,200 kyats
မိန်းကလေးတိုင်းကတော့ တစ်နေ့ကိုတစ်ကြိမ်လောက် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တဲ့အနေနဲ့ skincare လုပ်ကြတယ်။ သနပ်ခါးနဲ့လုပ်ထားတဲ့ ဒီ mask က အသားအရေကိုတောက်ပစေပြီး ချောမွေ့စေတဲ့အတွက် မိန်းကလေးတွေအကြိုက်ဖြစ်မှာပါ။
8.Kalayar Dusty Rose Boston Bag from Yangoods
Price: 79,900 kyats
https://yangoods.com/collections/women-collection/products/yg5b2326k
vegan leather နဲ့ ချည်သားရောစပ်ပြီးပုံဖော်ထားတဲ့ Yangoods ကအိတ်တွေက ဘယ်နေရာကိုပဲကိုင်သွားသွား လိုက်ဖက်နေမှာဖြစ်ပြီးတော့ ဒီလိုလက်ဆောင်မျိုးဆို မိန်းကလေးတွေအကြိုက်မို့ အသင့်တော်ဆုံးပါပဲ။
9. Ferrero Rocher Chocolate Hazelnut T-30 375 Grams
Price: 20,100 kyats
လက်ဆောင်လည်းပေးချင်တယ်၊ ဘာပေးရမလဲသေချာစဉ်းစားလို့မရဘူးဆိုရင်တော့ ချောကလက်က အသင့်တော်ဆုံးပါ။ မိန်းကလေးအများစုကလည်း ချောကလက်မကြိုက်တဲ့သူမရှိသလောက်ရှားတာဖြစ်လို့ လက်ဆောင်အနေနဲ့ရတယ်ဆိုရင် ပျော်သွားပါလိမ့်မယ်။
10. Garnier Micellar Cleansing Water Pink 400ml
Price: 9,050 kyats
ကိုယ်လက်ဆောင်ပေးမယ့် မိန်းကလေးက မိတ်ကပ်လိမ်းတတ်တဲ့သူဆိုရင်တော့ မိတ်ကပ် remover ကမရှိမဖြစ်ကိုလိုအပ်ပါတယ်။ Garnier Micellar Cleansing Water က သုံးရတာနူးညံ့ပြီးတော့ အသားအရေမပျက်ဆီးအောင်ထိန်းသိမ်းပေးတဲ့အတွက် အရေပြားအတွက် အကောင်းမွန်ဆုံးပါပဲ။
သူငယ်ချင်း၊ မိဘ၊ မောင်နှမ ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် လက်ဆောင်ပေးတယ်ဆိုရင် တကယ်အသုံးဝင်ပြီးအမှတ်ရနေစေမယ့်လက်ဆောင်မျိုးဖြစ်ရင် အကောင်းဆုံးပါ။ အခုပြောပြပေးခဲ့တဲ့ လက်ဆောင်ပေးလို့ရတဲ့ အိုင်ဒီယာလေးတွေကိုကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်။ တကယ်လို့တခြားအိုင်ဒီယာလေးတွေရှိတယ်ဆိုရင်လည်း comment ရေးပေးခဲ့ပါဦးနော်…။