သင့်လုပ်ငန်း eCommerce စတင်ဖို့ လိုကြောင်းပြနေတဲ့ အချက် ၅ ချက်

Ecommerce တွေက အရမ်းကို လူဝင်စားတဲ့ အကြောင်းအရာဖြစ်လာပါတယ်။ ဒီနေ့ခေတ်ကာလမှာ

ဈေးဝယ်သူတွေက အွန်လိုင်းကနေ ဈေးဝယ်ရတာကို ပို သဘောကျလာကြသလို ရောင်းသူတွေကလည်း ဒီ ဝယ်လိုအားကို ဖြည့်ဆည်းဖို့ ၊ လုပ်ငန်းအကြီးအသေးအလိုက် ကိုယ့် ကုန်ပစ္စည်းရောင်းချရဖို့ အခွင့်ကောင်းဖြစ်နေပါတယ်။ မိတ်ဆွေက အခုထိ အွန်လိုင်းမှာ ဈေးကွက် မစသေးဘူးဆိုရင် အခုက စတင်ဖို့ အချိန်ကောင်းပါပဲ။ ဒါပေမယ့် မေးစရာရှိတာက အွန်လိုင်းစီးပွားရေးကို ဘယ်အချိန်မှာ စတင်ရမယ်ဆိုတာပါပဲ။

FastForward ရဲ့  ကျွမ်းကျင်ပညာရှင်တွေက သင့်လုပ်ငန်းကို အွန်လိုင်းစီးပွားရေးအဖြစ် ပြောင်းဖို့လိုနေကြောင်းပြတဲ့ အချက်တွေကို ပြောပြပေးထားပါတယ်။

၁။ လုပ်ငန်းက ထင်သလောက် တိုးတက်မလာခြင်း။

လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ လုပ်ငန်း မတိုးတက်တာကို မြင်ရတာ ဘယ်လိုမှ မကောင်းနိုင်ပါဘူး။

အထူးသဖြင့် အရင်နှစ်တွေက ဆက်တိုက် အောင်မြင်ခဲ့ပြီး အခုချိန်မှာ အဲ့ဒီလောက် မအောင်မြင်တော့တာမျိုးဆိုရင်ပေါ့။ ဒါက ဘာကြောင့်လဲဆိုရင် ဖြစ်နိုင်တာကတော့ သင့်လုပ်ငန်းအနေနဲ့ အခုလက်ရှိမှာ ရနိုင်သမျှဈေးကွက် အကုန်ရထားပြီးတာကြောင့် ဖြစ်နိုင်ပါတယ်။

တစ်နည်းပြောရရင် သင့်လုပ်ငန်းကို အွန်လိုင်း ၊ digital channels တွေကနေ တစ်ဆင့် အရောင်းချဲ့ထွင်ဖို့ လိုနေပြီဆိုတာကို ပြနေတာပါပဲ။

၂။ လမ်းကြောင်းတစ်ခုမက လုပ်ဖို့ လိုလာခြင်း။

သင့်လုပ်ငန်း ပိုမို တိုးတက်အောင်မြင်ဖို့ဆိုရင် ဝင်ငွေလမ်းကြောင်း တစ်ခုထက် ပိုရှိနေဖို့လိုပါတယ်။

ပြောင်းလဲတိုးတက်လာတဲ့ ခေတ်နဲ့ အညီ လုပ်ငန်းသဘောတွေရော ဝယ်သူတွေရဲ့ လိုအပ်ချက်တွေပါ ပြောင်းလဲလာပါတယ်။ ဒါကြောင့် နေရာထိုင်ခင်းနဲ့သာ ရောင်းချနေတဲ့ ဆိုင်တွေ၊ လုပ်ငန်းတွေက စိန်ခေါ်မှု တစ်ခုဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာလည်း နည်းပညာက အရှိန်နဲ့ တိုးတက် နေတာကြောင့်

လူဦးရေ ၂၂ သန်းက အင်တာနက်ကို အမြဲမပြတ်သုံးနေကြပြီး အွန်လိုင်းကနေ တစ်ဆင့် ဝယ်ရတာ၊ ဝန်ဆောင်မှု ရယူရတာတွေကို ပို သဘောကျလာကြပါတယ်။

ဒါကြောင့် သင့်ရဲ့ လုပ်ငန်းကို အွန်လိုင်းမှာ စတင်ခြင်းက ဝင်ငွေလမ်းကြောင်း ချဲ့ထွင်တာတင် မကဘဲ

သင့်ရဲ့ လုပ်ငန်းနယ်ပယ်ကိုပါ နောက်တစ်ဆင့် တိုးချဲ့တာလည်း ဖြစ်ပါတယ်။

၃။ ဝယ်နေကျသူတွေက အွန်လိုင်းမှာ ရောင်းဖို့ တောင်းဆိုလာခြင်း။

သင့်ရဲ့ အွန်လိုင်းစတိုးက သင့်ရဲ့ ရှယ်ယာတန်ဖိုး တက်ဖို့ အစွမ်းထက် နည်းလမ်းပါပဲ။

ဝယ်သူတွေနဲ့ ယုံကြည်မှု တည်ဆောက်နိုင်တယ်။ တွေးကြည့်လိုက်ရအောင် ဝယ်သူတွေက သင့်ရဲ့ ကုန်ပစ္စည်းကို ဘယ်မှာ ရနိုင်လဲလို့ မေးတဲ့အခါ shop.com.mm မှာ ရတယ်လို့ ညွှန်းမလား။ ကိုယ့်ရဲ့ ကိုယ်ပိုင် website ကို ညွှန်းပေးမလား။ သင့်ရဲ့ ကိုယ်ပိုင် အွန်လိုင်းစတိုးက သင်ရဲ့ ဝယ်သူတွေအနေနဲ့ first impression ကောင်းစေပါတယ်။

၄။ လုပ်ငန်းက ခေတ်မီဆန်းပြားတဲ့ goals တွေ ရှိလာခြင်း။

သင့်ရဲ့ လုပ်ငန်းကြီးထွားလာတာနဲ့ အမျှ လုပ်ငန်းရဲ့ ရည်ရွယ်ချက်၊ ဝယ်ယူမယ့်သူနဲ့ ရောင်းအားက တိုးလာမှာပဲ ဖြစ်ပါတယ်။ Date အချက်အလက်တွေကို သိမ်းဆည်းတာ၊ ဆန်းစစ်တာတွေက လုပ်ငန်းအဆင့်မြှင့်နိုင်စေဖို့ 

ရေရှည်တည်တံ့စေဖို့ အရေးကြီးတဲ့ နည်းလမ်းတွေပါပဲ။

သင့်ရဲ့ အွန်လိုင်းစတိုးက သင့်ရဲ့ customer တွေက ဘယ်သူ၊ သူတို့တွေ သင့်လုပ်ငန်းနဲ့ ပတ်သက်ပြီး 

ဘယ်လိုတွေ တွေ့ကြုံရတယ်၊ ဘယ် ကုန်ပစ္စည်းကတော့ အကောင်းဆုံးဖြစ်နေတယ်ဆိုတဲ့ အချက်အလက်တွေကို ရယူနိုင်ပါတယ်။

ဒီအချက်တွေကို အခြေခံပြီး လုပ်ငန်းပိုမို တိုးတက်အောင်မြင်ဖို့ strategy တွေ ချမှတ်နိုင်ပါတယ်။

၅. အရည်အသွေးမြင့်၊ တန်ဖိုးမြင့် ပစ္စည်းတွေ ရောင်းချနေခြင်း။

သင့်ရဲ့ လုပ်ငန်း သဘောတရားပေါ် မူတည်ပြီး ဝယ်သူတွေအနေနဲ့ သင့် ကုန်ပစ္စည်းကို ဘယ်လို သတိထားမိတယ်၊  ဘယ်နေရာမှာ သင့် ကုန်ပစ္စည်းကို ရနိုင်တယ်ဆိုတာတွေကို ထိန်းချုပ်ဖို့ လိုပါတယ်။

ဝယ်လိုအားနည်းပြီး ဈေးကြီးတဲ့ ကျောက်မျက်ရတနာနဲ့ နောက်ဆုံးပေါ် တန်ဖိုးမြင့်ဖက်ရှင်လိုမျိုး ရောင်းချနေတယ်ဆိုရင် ဝယ်သူရဲ့ အတွေ့အကြုံက အရမ်းအရေးကြီးပါတယ်။

အထူးသဖြင့် ဈေးမြင့်တဲ့ ကုန်ပစ္စည်းကိုရောင်းချလေ ဝယ်သူအနေနဲ့ ယုံကြည်စိတ်ချရမှု ပိုလိုလေပါပဲ။သင့်မှာ ကိုယ်ပိုင် အွန်လိုင်းစတိုးရှိနေပြီဆိုရင်တော့ facebook နဲ့ Shop.com.mm  တို့နဲ့  မတူ ကွဲပြားတဲ့

customer experience ကို ပေးနိုင်မှာဖြစ်ပါတယ်။

 

Stay Connected

More Updates

လက်ဆောင်ပေးဖို့အတွက် အိုင်ဒီယာများ

လက်ဆောင်ပေးဖို့အတွက် အိုင်ဒီယာများ   ကိုယ်ချစ်ရ၊ ခင်ရတဲ့ မွေးနေ့ရောက်ရင် ဘာပေးရမလဲဆိုတာ ခေါင်းစားဖူးပါသလား?   ကိုယ်ရဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေပဲဖြစ်ဖြစ်၊ မိဘ၊ ဆွေမျိုး၊ မောင်နှမကိုပဲဖြစ်ဖြစ် လက်ဆောင်ပေးလို့ရအောင် လူကြိုက်များတဲ့လက်ဆောင်အမျိုးအစားအခု (၂၀) ကို စာရင်းလုပ်ပေးထားပါတယ်။   ယောကျ်ားလေးနဲ့ မိန်းကလေးအတွက် လက်ဆောင်ပေးလို့ရမယ့် အမျိုးအစားခွဲပြီးပြောပြပေးသွားပါမယ်။   ယောကျာ်းလေးတွေအတွက် လက်ဆောင်အမျိုးအစားများ   ယောက်ျားတွေမွေးနေ့ဆိုရင် လက်ဆောင်ရတာရှားတတ်တာရှားတယ်။ မွေးနေ့လက်ဆောင်ကိုဘာလိုချင်တယ်ဆိုတာမျိုးလည်းမပြောတတ်တော့

Read More »
Protecting your brand during the time of Covid-19

ကိုယ့်ရဲ့Brand ကိုအခုလိုကာလမှာ ဘယ်လိုခိုင်မာအောင်တည်ဆောက်မလဲ။

ကိုဗစ်၁၉ရဲ့ရိုက်ခတ်မှုက ကုမ္ပဏီတွေကို ကိုယ့်ရဲ့ လုပ်ငန်းအကြောင်းကိုသေချာပြန်စဉ်းစားဖို့ အချိန်ပေးလိုက်သလိုပါပဲ။ အပြောင်းအလဲတွေအများကြီးရှိလာတဲ့အတွက် ကိုယ့်ရဲ့ လုပ်ငန်းအတွက် အခွင့်အရေးအသစ်တွေလည်း ရှိလာနိုင်သလို အခုလိုအိမ်မှာနေရတဲ့အချိန်မျိုးမှာ လူတွေကဒီဂျစ်တယ် ကွန်းတန့်တွေကိုပိုစိတ်ဝင်စားလာတာဖြစ်တဲ့အတွက် ဒီဂျစ်တယ် မားကတ်တင်းရဲ့ အခန်းကဏ္ဏကလည်း အရေးကြီးလာပါတယ်။ ဒီဘလော့ထဲမှာဆို Insightsတွေအားလုံးကို တစ်စုတစ်စည်းထဲဖော်ပြပေးထားလို့ ကိုယ့် Brand ကိုဘယ်လိုခိုင်မာအောင်ထိန်းသိန်းထားနိုင်မလဲဆိုတာနဲ့ လုပ်ငန်းရဲ့အရေးကြီးတဲ့ Core

Read More »

ကိုယ့်ရဲ့ teamကိုအဝေးကနေ အကောင်ဆုံးဘယ်လိုစီမံမလဲ။

ကိုရိုနာဗိုင်းရက်စ်ရဲ့ ရိုက်ခတ်မှုက လုပ်ငန်းခွင်တွေကို အတွေ့အကြုံအသစ်တွေ၊စာမျက်နှာအသစ်တွေကိုဖွင့်လှစ်ပြသလိုက်တာပါပဲ။ အခုဆိုရင်ဝန်ထမ်းတွေအနေနဲ့ ရုံးတက်စရာမလိုပဲ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ မန်နေဂျာတွေနဲ့ အဝေးကနေပဲအလုပ်လုပ်ကြရတယ်ဆိုတာ အသစ်အဆန်းတစ်ခုမဟုတ်တော့ဘဲ လုပ်ကိုလုပ်ရမယ့်အခြေအနေတစ်ခုဖြစ်လာပါတယ်။ အဖွဲ့ခေါင်းဆောင်တွေနဲ့ မန်နေဂျာတွေအတွက်လည်း ကိုယ့်ရဲ့ Teamကိုအဝေးကနေပဲ စီမံခန့်ခွဲနိုင်ဖို့လိုအပ်လာပါတယ်။ ၁။နေ့စဉ် Check-Ins ပြုလုပ်ပါ။ ကိုယ့်ရဲ့ team အပေါ် လိုအပ်တာတွေ အထောက်အပံပေးနိုင်ဖို့၊

Read More »

Ready to launch?

Get started with fastforward

Book a demo to find out more about how you can benefit from the platform