၂၀၁၉ စစ်တမ်းအရ မိုဘိုင်းဖုန်းသုံးစွဲမှု ၈၅% ကျော်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံက ဒစ်ဂျစ်တယ်ချိတ်ဆက်မှုနဲ့ အသုံးပြုအားအရမ်းကောင်းနေပါပြီ။ ကိုယ့် eCommerce အတွက် ဒစ်ဂျစ်တယ်မားကတ်တင်းကို အသုံးပြုပြီး ကိုယ့်ဈေးဝယ်သူဖြစ်မယ့်သူတွေကို သူ့အတိုင်းအတာနဲ့သူ ချက်ချင်းဆိုသလို အချိန်မှန်၊ နေရာမှန် ဆက်သွယ်နိုင်ပါတယ်။ ဒစ်ဂျစ်တယ်မားကတ်တင်းကရလာတဲ့ ဒေတာတွေကိုသုံးပြီးတော့လည်း ကိုယ့်နည်းဗျူဟာကထိရောက်မှုရှိမရှိ တိုင်းတာလို့ရပါသေးတယ်။
အဓိကကတော့ ကိုယ့်လုပ်ငန်းအတွက် လုပ်နေတဲ့ မားကတ်တင်းအတွက် ကုန်ကျစရိတ်တွေ ထိထိရောက်ရောက် သုံးဖြစ်ဖို့ ဒစ်ဂျစ်တယ်မားကတ်တင်းသုံးပြီး ကိုယ့်ကုန်ပစ္စည်းနဲ့ အကိုက်ညီဆုံးလူတွေနဲ့ ချိတ်ဆက်ပြီး လုပ်ငန်းကြီးထွားအောင် လုပ်နိုင်တာပဲဖြစ်ပါတယ်။
ဒီလို အကျိုးကျေးဇူးတွေရဖို့ အသုံးပြုနိုင်တဲ့ ဒစ်ဂျစ်တယ် ချယ်နယ် (၅) ခုကို စုစည်းတင်ပြလိုက်ပါတယ်။
ဆိုရှယ်မီဒီယာ မားကတ်တင်း
မြန်မာနိုင်ငံမှာတောင် Facebook ကို အင်တာနက်သဘောမျိုးသုံးနေတာ eCommerce လုပ်ငန်းတွေကလည်း Brands တွေကို အရောင်းမြင့်တင်ဖို့အတွက် သုံးကြတာမဆန်းပါဘူး။ ဒါပေမယ့် ဆိုရှယ်မီဒီယာပေါ်ရိုးရိုးပို့စ်တင်ရုံနဲ့ မလုံလောက်သေးပါဘူး။ ဒစ်ဂျစ်တယ်မားကတ်တင်းလုပ်တဲ့အခါ ကိုယ်ချိတ်ဆက်ချင်တဲ့သူတွေဆီကို ထိထိမိမိရောက်အောင် Paid Social Media ပို့စ်တွေ သုံးပေးဖို့ကလည်း အရမ်းအရေးကြီးပါတယ်။
Related: How to Create a Social Media Marketing Strategy
Search engine optimization
စားသုံးသူတွေကတော့ Google လို Search Engine ကို မကြာခဏသုံးပြီး ကိုယ်စိတ်ဝင်စားတာ၊ ဝယ်ချင်တာတွေကို ရှာဖွေကြပါတယ်။ ဒီလိုအချိန်မှာ ကိုယ့် eCommerce Website က ပစ္စည်းတွေက သူတို့ရှာဖွေနေတဲ့ keywords တွေနဲ့ချိတ်ဆက်မှုရှိပြီး ထိပ်ဆုံးမှာပေါ်နေဖို့အရေးကြီးပါတယ်။ ဒါမှလည်း ကိုယ့် Website ကို ဈေးဝယ်သူတွေက ပထမဆုံး ဝင်ကြည့်ကြမှာပေါ့။
Related: The Beginner’s Guide to Ecommerce SEO
Content marketing
ရေရှည်ထိန်းသိမ်းထားနိုင်တဲ့ အွန်လိုင်းလုပ်ငန်းဖြစ်ချင်ရင်တော့ စားသုံးသူတွေအနေနဲ့ ဈေးဝယ်စရာမလိုဘဲ အကျိုးတစ်ခုခုရဖို့ လိုအပ်ပါတယ်။ Content marketing ဆိုတာ blogs တို့ ဈေးဝယ်လမ်းညွှန်လို. စားသုံးသူတွေရဲ့ အခက်အခဲကို ဖြေရှင်းနိုင်ဖို့ အကျိုးကျေးဇူးပေးနိုင်တဲ့အချက်အလက်တွေပါဝင်တဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။
Related: The Ultimate Guide to Content Marketing for Ecommerce Websites
Email marketing
ဈေးဝယ်ရတဲ့အတွေ့အကြုံမှာ Email ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဥပမာဆိုရင် ဈေးဝယ်သူစိတ်ဝင်စားလောက်တဲ့ ပရိုမိုးရှင်းတွေ ပို့တာ၊ သူတို့ဝယ်ဖို့ မေ့နေတဲ့ ပစ္စည်းတွေအကြောင်း မသိမသာ သတိပေးတာမျိုးပေါ့။ Email marketing လုပ်မယ်ဆိုရင်တော့ personalization က အသက်ပါပဲ။
Related: Email Marketing for E-commerce
Influencer marketing
အွန်လိုင်း follower အင်အားများတဲ့ Influencer တွေကို အသုံးပြုပြီး ကိုယ့် eCommerce လုပ်ငန်းတွေ ကုန်ပစ္စည်းတွေကို သူတို့ပရိသတ်အရှေ့မှာ လူသိအောင်ကြော်ငြာတာက ထိရောက်တဲ့နည်းလမ်းလည်း ဖြစ်နိုင်ပါတယ်။ Influencers ထဲမှာ နာမည်ကျော်လူသိများတဲ့ဆယ်လီတွေ၊ လမ်းကြောင်းတစ်ခုကိုပဲ သတ်သတ်မှတ်မှတ်သွားတဲ့ ဆယ်လီတွေ နဲ့ လုပ်ငန်းနယ်ပယ်မှာ ဦးဆောင်နေတဲ့သူတွေပါပါတယ်။ စားသုံးသူတွေက လူသိများတဲ့သူတွေ ညွှန်းတဲ့ပစ္စည်းတို့ ကြော်ငြာတဲ့ပစ္စည်းတွေဆို ပိုယုံကြတယ်လေ။
Related: Influencer Marketing – A 5-step Guide for Ecommerce Marketers