austin-distel-744oGeqpxPQ-unsplash

အွန်လိုင်းစတိုးရှိခြင်းရဲ့ အားသာချက် (၅) ခု

အွန်လိုင်းက တစ်ဆင့် စျေးရောင်းတယ်ဆိုတာ အတက်ပဲရှိပြီး အကျမရှိတဲ့ ပွတိုးပေါက် စီးပွါးရေးပါပဲ။ အနာဂတ် ၂၀၃၀ မှာဖြစ်မယ်လို့ ခန့်မှန်းထားတဲ့ e-commerce နဲ့ လက်လီစျေးကွက်က ၂၀၂၀ ခုနှစ်ကတည်းက ဖြစ်သွားပါပြီ။ အရင်က ၅ ရာခိုင်နှုန်းကနေ ၁၆ ရာခိုင်နှုန်းကို ရောက်ဖို့အတွက် ၁၀ နှစ်ကျော်ကြာခဲ့တဲ့ လက်လီစျေးကွက်အရွယ်အစားဟာ e-commerce ပေါ်မှာတော့ ထူးထူးခြားခြား မကြုံစဖူး ၁၅ ရာခိုင်နှုန်းကနေ ၂၄ ရာခိုင်နှုန်းကို တိုးတက်သွားဖို့အတွက် ၈ ပတ်သာ ကြာခဲ့ပါတယ်။ စျေးကွက်ထဲမှာ ရှိပြီးသား လက်လီအရောင်းဆိုင်တွေ၊ ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ လုပ်ငန်းငယ်တွေက သူတို့ရဲ့ စီးပွါးရေးကို ထိန်းသိမ်းတိုးချဲ့ဖို့အတွက် အွန်လိုင်းပေါ်ကို ရောက်လာကြပါပြီ။ ကယ်..သင်ရော သင့်စီးပွါးရေးအတွက် အွန်လိုင်းစတိုးတစ်ခုလောက် လိုလာပြီလို့ထင်လား။

ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။ သင့်ရဲ့ လက်ရှိ စတိုးဆိုင်က အရင်လောက်ကော ရောင်းအားကောင်းသေးရဲ့လား။ ဒါမှမဟုတ် သင် အပြောင်းအလဲနဲ့ လိုက်လျောညီ​ထွေအောင် လုပ်ဖို့ တွန့်ဆုတ်နေတာလား။ အွန်လိုင်းစတိုး စတင်ရင် ရနိုင်မယ့် အကျိုးကျေးဇူးတွေကို လက်လွှတ်ခံတော့မှာလား။

သင့်အနေနဲ့ အွန်လိုင်းစတိုးတစ်ခု ရှိမယ်ဆိုရင် အောက်ပါ အားသာချက်တွေ ရနိုင်တယ်နော်။

၁။ ဝယ်လိုအားကို မြှင့်တင်နိုင်မယ်

E-commerce ရဲ့ အားသာချက်တစ်ခုပြောပါဆိုရင် သင့်ရဲ့ ထုတ်ကုန် (သို့) ဝန်ဆောင်မှုရဲ့ လက်ရှိဝယ်လိုအားထက်ပိုပြီး စျေးဝယ်သူတွေ ပိုရနိုင်ပါတယ်။ ကိုယ့်အမှတ်တံဆိပ်ကို လူပိုသိအောင်လုပ်ဖို့၊ စျေးဝယ်သူတွေနဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ဖို့ဆိုတာ သာမန်စတိုးဆိုင်တစ်ခုမှာ ခက်ခဲပါလိမ့်မယ်။ ပြောရမယ်ဆိုရင် သင်အနေနဲ့ ဘယ်လိုထုတ်ကုန်ပဲ ရောင်းရောင်း e-commerce ရဲ့ အကူအညီနဲ့ ပိုများတဲ့ စျေးဝယ်သူတွေဆီကို ရောက်နိုင်ပြီး search engine optimization တွေကတဆင့် စျေးဝယ်သူအသစ်တွေကိုလည်း သင့်ရဲ့ အမှတ်တံဆိပ်ကို သတိထားမိသွားအောင် လှုံ့ဆော်နိုင်ပါတယ်။ ဒါမျိုးအားသာချက်က သာမန်စတိုးတွေမှာ မရနိုင်ဘူးလေ။

၂။ ကိုယ့်ရဲ့ထုတ်ကုန်ကို နေရာတိုင်းမှာ ရောင်းနိုင်မယ်

သာမန်စျေးဆိုင်တစ်ခုမှာ တည်နေရာအနေအထားကလည်း သင့်ကိုခေါင်းခြောက်စေမှာပါ။ ကိုယ်ပိုင် e-commerce နဲ့ဆိုရင် သင့်ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ပထဝီအနေအထား အကန့်အသတ်မရှိဘဲ တစ်ကမ္ဘာလုံးဆီ ရောင်းချနိုင်ပါပြီ။ ဆိုတော့ သာမန်စတိုးတစ်ခုထက် ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ပိုပြီးမြန်မြန် တိုးချဲ့နိုင်မှာပေါ့။

၃။ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်တွေ ပိုသက်သာမယ်

ကိုယ့်စီးပွါးရေးကို အွန်လိုင်းမှာ စတင်တော့မယ်ဆိုရင် လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်တွေကိုလည်း သိသိသာသာ လျှော့ချနိုင်မှာပါ။ အော်ဒါကောက်တာတွေ၊ ငွေရေးကြေးရေးတွက်ချက်တာတွေ၊ ကြေညာတာတွေ အပါအဝင် လုပ်ငန်းရဲ့ ထောင့်ပေါင်းစုံကို နည်းပညာနဲ့ အစားထိုးလုပ်ဆောင်နိုင်ပါတယ်။ ပြောရမယ်ဆိုရင် လူအင်အားကို လျှော့ချပြီး သင့်ရဲ့စီးပွါးရေးကို ပိုမြန်မြန်နဲ့ ထိထိရောက်ရောက် ချဲ့ထွင်နိုင်မှာနော်။

၄။ အချက်အလက်တွေကို ထိထိရောက်ရောက် စိစစ်လေ့လာနိုင်မယ်

E-commerce websites တွေက Google Analytics နဲ့ Facebook Pixel တို့လိုမျိုး Tools တွေသုံးပြီးတော့ တိတိကျကျကြီးကို တိုင်းတာ ခြေရာကောက်ထားလို့ ရပါတယ်။ သင့်အနေနဲ့ သင့် website မှာ အော်ဒါတွေဘယ်နခုလောက် တက်သွားတယ်၊ ထိရောက်မှုဘယ်လောက်ရှိတယ် ဆိုတာတွေအပြင် ကြော်ငြာကမ်ပိန်းတွေ၊ စျေးဝယ်သူနဲ့ ချိတ်ဆိတ်မှုတွေစတဲ့ ကိန်းဂဏန်းအချက်အလက်အကုန်လုံးကို သိရှိနိုင်ပါတယ်။ စျေးဝယ်သူတွေ အွန်လိုင်းမှာ ပြုမူသမျှကို အချက်အလက်တွေအဖြစ် မှတ်တမ်းတင်ထားပြီး သင့်ရဲ့ စီးပွါးရေးဗျူဟာတွေချမှတ်တဲ့နေရာမှာ ပြန်အသုံးချလို့ ရနိုင်မှာပါ။ ဒီလိုအဖိုးတန်တဲ့ အချက်အလက်နဲ့ သိမြင်မှုတွေကတဆင့် သင့်အနေနဲ့ ဝယ်လိုအားကိုခန့်မှန်းနိုင်တယ်၊ ရောင်းအားတိုးဖို့ စျေးနှုန်းချမှတ်နိုင်တယ်၊ ဝယ်ယူသူအတွေ့အကြုံတွေ ပိုကောင်းအောင် ဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ်။ စျေးလေးနဲနဲပိုရောင်းလိုက်တာနဲ့ အမြတ်ကြီးမြတ်သွားနိုင်တယ်ဆိုတာ မမေ့နဲ့နော်။ ရှင်းရှင်းပြောရရင် အဲ့ဒီအချက်အလက်တွေက ရောင်းအားတိုးစေဖို့အတွက် သင့်ကို ပညာသားပါတဲ့ ဆုံးဖြတ်ချက်တွေချဖို့ အကူအညီပေးမှာပါ။

၅။ အခွင့်အလမ်းတွေကို နိုးနိုးကြားကြား ဖမ်းဆုပ်နိုင်မယ်

အွန်လိုင်းစီးပွါးရေးရဲ့ ပြိုင်စံရှားအားသာချက်တစ်ခုက ခေါင်းခဲစရာမလိုဘဲ သင့်ရဲ့ စီးပွါးရေးကို တိုင်းတာပြီး ချဲ့ထွင်လို့ ရတာပါပဲ။ e-commerce နဲ့ဆို စျေးကွက်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခွင့်အလမ်းကောင်းတွေကို နိုးနိုးကြားကြားနဲ့ အမိအရ ဖမ်းဆုပ်နိုင်ပြီး သင့်စီးပွါးရေးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အတွေ့အကြုံအသစ်တွေ ဖန်တီးနိုင်မှာပါ။

အွန်လိုင်းကို မပြောင်းတဲ့ လုပ်ငန်းတွေက ရည်ရှည်တည်တံ့ဖို့ ခက်ခဲလာလောက်အောင်ပဲ E-commerce က စျေးကွက်ကြီးတစ်ခုလုံးရဲ့ မရှိမဖြစ်တဲ့ အနှစ်သာရတစ်ခုဖြစ်လာပါပြီ။ သင့်လုပ်ငန်းက အွန်လိုင်းမှာ မရှိသေးဘူး၊ E-commerce ခေတ်ရေစီးကြောင်းတွေအတိုင်း မလိုက်ရသေးဘူးဆိုရင် သင့်အနေနဲ့ အလားအလာရှိတဲ့ ဝယ်လိုအားတွေကို ဖြုန်းပစ်နေသလိုပါပဲ။ အမြဲပြောင်းလဲနေတဲ့ ခေတ်ရေစီးကြောင်းအတိုင်း လိုက်နိုင်မယ်ဆိုရင်တော့ ပိုပိုပြီး ကြီးထွားများပြားလာတဲ့ အွန်လိုင်းက ဝယ်လိုအားနဲ့ စျေးဝယ်သူတွေဆီ အရောက်သွားနိုင်ပြီး ရောင်းအားပိုကောင်း၊ အမြတ်ပိုရမှာ အမှန်ပါပဲ။

 

Stay Connected

More Updates

လက်ဆောင်ပေးဖို့အတွက် အိုင်ဒီယာများ

လက်ဆောင်ပေးဖို့အတွက် အိုင်ဒီယာများ   ကိုယ်ချစ်ရ၊ ခင်ရတဲ့ မွေးနေ့ရောက်ရင် ဘာပေးရမလဲဆိုတာ ခေါင်းစားဖူးပါသလား?   ကိုယ်ရဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေပဲဖြစ်ဖြစ်၊ မိဘ၊ ဆွေမျိုး၊ မောင်နှမကိုပဲဖြစ်ဖြစ် လက်ဆောင်ပေးလို့ရအောင် လူကြိုက်များတဲ့လက်ဆောင်အမျိုးအစားအခု (၂၀) ကို စာရင်းလုပ်ပေးထားပါတယ်။   ယောကျ်ားလေးနဲ့ မိန်းကလေးအတွက် လက်ဆောင်ပေးလို့ရမယ့် အမျိုးအစားခွဲပြီးပြောပြပေးသွားပါမယ်။   ယောကျာ်းလေးတွေအတွက် လက်ဆောင်အမျိုးအစားများ   ယောက်ျားတွေမွေးနေ့ဆိုရင် လက်ဆောင်ရတာရှားတတ်တာရှားတယ်။ မွေးနေ့လက်ဆောင်ကိုဘာလိုချင်တယ်ဆိုတာမျိုးလည်းမပြောတတ်တော့

Read More »

သင့်လုပ်ငန်း eCommerce စတင်ဖို့ လိုကြောင်းပြနေတဲ့ အချက် ၅ ချက်

Ecommerce တွေက အရမ်းကို လူဝင်စားတဲ့ အကြောင်းအရာဖြစ်လာပါတယ်။ ဒီနေ့ခေတ်ကာလမှာ ဈေးဝယ်သူတွေက အွန်လိုင်းကနေ ဈေးဝယ်ရတာကို ပို သဘောကျလာကြသလို ရောင်းသူတွေကလည်း ဒီ ဝယ်လိုအားကို ဖြည့်ဆည်းဖို့ ၊ လုပ်ငန်းအကြီးအသေးအလိုက် ကိုယ့် ကုန်ပစ္စည်းရောင်းချရဖို့ အခွင့်ကောင်းဖြစ်နေပါတယ်။ မိတ်ဆွေက အခုထိ အွန်လိုင်းမှာ ဈေးကွက် မစသေးဘူးဆိုရင်

Read More »
Protecting your brand during the time of Covid-19

ကိုယ့်ရဲ့Brand ကိုအခုလိုကာလမှာ ဘယ်လိုခိုင်မာအောင်တည်ဆောက်မလဲ။

ကိုဗစ်၁၉ရဲ့ရိုက်ခတ်မှုက ကုမ္ပဏီတွေကို ကိုယ့်ရဲ့ လုပ်ငန်းအကြောင်းကိုသေချာပြန်စဉ်းစားဖို့ အချိန်ပေးလိုက်သလိုပါပဲ။ အပြောင်းအလဲတွေအများကြီးရှိလာတဲ့အတွက် ကိုယ့်ရဲ့ လုပ်ငန်းအတွက် အခွင့်အရေးအသစ်တွေလည်း ရှိလာနိုင်သလို အခုလိုအိမ်မှာနေရတဲ့အချိန်မျိုးမှာ လူတွေကဒီဂျစ်တယ် ကွန်းတန့်တွေကိုပိုစိတ်ဝင်စားလာတာဖြစ်တဲ့အတွက် ဒီဂျစ်တယ် မားကတ်တင်းရဲ့ အခန်းကဏ္ဏကလည်း အရေးကြီးလာပါတယ်။ ဒီဘလော့ထဲမှာဆို Insightsတွေအားလုံးကို တစ်စုတစ်စည်းထဲဖော်ပြပေးထားလို့ ကိုယ့် Brand ကိုဘယ်လိုခိုင်မာအောင်ထိန်းသိန်းထားနိုင်မလဲဆိုတာနဲ့ လုပ်ငန်းရဲ့အရေးကြီးတဲ့ Core

Read More »

Ready to launch?

Get started with fastforward

Book a demo to find out more about how you can benefit from the platform