roberto-cortese-ejhjSZKTeeg-unsplash

ရက် (၃၀) အတွင်း အွန်လိုင်းဆိုင်ခန်းလေး ဖန်တီးနိုင်ဖို့

စားသုံးသူတွေရဲ့ အမူအကျင့်တွေတစ်ဟုန်ထိုးပြောင်းလဲလာခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ ရေရှည်ကိုမျှော်တွေးကြည့်မယ်ဆိုရင် Ecommerceရဲ့ အနာဂတ်ဟာ အရမ်းကိုတောက်ပလျက်ရှိပါတယ်။ အရင်ကထက် အိမ်သုံးပစ္စည်းတွေနဲ့ ဇိမ်ခံပစ္စည်းတွေရှာဖွေမှု Organic Keywords တွေများလာပြီ။ Social Media မှတစ်ဆင့် ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကိုရှာဖွေလာကြပြီ။ ငွေသားမဲ့ ပေးချေမှုစနစ်တွေကလည်းတွင်တွင်ကျယ်ကျယ်ဖြစ်လာပြီ။ ဒါတွေကြောင့်မို့ပဲ E-commerce ကလည်း မြန်မာနိုင်ငံကလုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်းတွေ အများကြီး ဖွင့်ပေးနိုင်ခဲ့တယ်။ သင့်လုပ်ငန်းကို ဒီဂျစ်တယ်နည်းပညာနဲ့အဆင့်မြှင့်တင်ဖို့ဆိုတာ ဘယ်တော့မှနောက်ကျတယ်မရှိပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံက ရှေးရိုးစွဲလုပ်ငန်းတွေအတွက်ကတော့ သမားရိုးကျ ဆိုင်ခန်းတွေကိုပဲအားကိုးခဲ့ကြတာဆိုတော့ Digital စနစ်တစ်ခုကို ကျင့်သုံးဖို့က တံတိုင်းကြီးတစ်ခုလိုပါပဲ။

ပြီးပြည့်စုံပြီး လုပ်ဆောင်ချက်စုံလင်တဲ့ Ecommerce တစ်ခုဖြစ်လာဖို့ တဖြည်းဖြည်းချင်း၊ တစ်လှမ်းချင်းသွားဖို့ပဲ အရေးကြီးတာပါ။ ဒါဆို Ecommerce လုပ်ငန်းတွေကို ဘယ်လိုအချိန်မှာစပြီးတော့လုပ်သင့်သလဲ။ ဒီမေးခွန်းအတွက် အတိအကျအဖြေမရှိပါဘူး။ ဒီလို နည်းပညာပိုင်းတွေနဲ့ပတ်သက်လို့ အတွေ့အကြုံသိပ်မရှိရင်လည်းစိတ်မပူပါနဲ့။ Fastforward ကနေပြီး လုပ်ဆောင်ချက်စုံလင်တဲ့ Website တစ်ခုနဲ့အတူ အခွင့်အရေးတွေကို ဘယ်လိုအမိအရဖမ်းယူမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးသွားပါမယ်။၁။ ကုန်ပစ္စည်းရွေးချယ်ခြင်း

တချို့ကတော့ သမားရိုးကျ ကုန်ပစ္စည်းရောင်းချခြင်းကနေပြီး Online ပေါ်စျေးကွက်ချဲ့ထွင်ချင်ကြတာမျိုးရှိသလို အခုမှလုပ်ငန်းစလုပ်ချင်တဲ့သူတွေအတွက်ဆိုရင်တော့ ဘယ်လိုကုန်ပစ္စည်းကို ရောင်းချမလဲဆိုတာ အရင်ရွေးချယ်သင့်ပါတယ်။ အောင်မြင်စွာရောင်းချနိုင်ဖို့ သင့်တော်မှန်ကန်တဲ့ ကုန်ပစ္စည်းတစ်ခုကို ရွေးချယ်ရောင်းချဖို့ လိုပါတယ်။ ဒါဆို ဘယ်ကုန်ပစ္စည်းမျိုးက သင့်တော်တဲ့ရွေးချယ်မှုဖြစ်မလဲ။
ဒီ Link လေးမှာ ဝေမျှပေးထားပါတယ်နော်။

၁။ ကုန်ပစ္စည်းရွေးချယ်ခြင်း

တချို့ကတော့ သမားရိုးကျ ကုန်ပစ္စည်းရောင်းချခြင်းကနေပြီး Online ပေါ်စျေးကွက်ချဲ့ထွင်ချင်ကြတာမျိုးရှိသလို အခုမှလုပ်ငန်းစလုပ်ချင်တဲ့သူတွေအတွက်ဆိုရင်တော့ ဘယ်လိုကုန်ပစ္စည်းကို ရောင်းချမလဲဆိုတာ အရင်ရွေးချယ်သင့်ပါတယ်။ အောင်မြင်စွာရောင်းချနိုင်ဖို့ သင့်တော်မှန်ကန်တဲ့ ကုန်ပစ္စည်းတစ်ခုကို ရွေးချယ်ရောင်းချဖို့ လိုပါတယ်။ ဒါဆို ဘယ်ကုန်ပစ္စည်းမျိုးက သင့်တော်တဲ့ရွေးချယ်မှုဖြစ်မလဲ။
ဒီ Link လေးမှာ ဝေမျှပေးထားပါတယ်နော်။ 

Related: Strategies for Finding Your First Profitable Product Opportunity  

၂။ eCommerce Platform ရွေးချယ်ခြင်း

Shopify တို့ Bagisto တို့လို eCommerce Platform တွေက နာမည်လည်းကြီးသလို အချိန်နဲ့ငွေကုန်လည်းသက်သာစေပါတယ်။ Shopify တို့ Bagisto တို့လိုမျိုး အရာတွေကို အသုံးပြုပြီးတော့ eCommerce လုပ်ငန်းတစ်ခုစတာလောက် လွယ်တာရှိပါဦးမလား။ ဘာလို့ဆိုတော့ သူတို့ဆီမှာက ကုန်ပစ္စည်းရွေးချယ်ဖို့၊ အမျိုးအစားရွေးချယ်ဖို့ စသည်ဖြင့် မျိုးစုံသော လုပ်ဆောင်ချက်တွေလည်းပါတယ်ဆိုတော့ တကယ်ကိုကောင်းတဲ့ Platform တွေဖြစ်ပါတယ်။ တကယ်ကို အကျိုးရှိတဲ့ ဒီ eCommerce Platform (၂)  ခုကို ဒီ Link လေးမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်

1.Shopify   

2.Bagisto 

နောက်ပြီးတော့ ဘယ်လောက်မြန်မြန်နဲ့ လွယ်လွယ်ကူကူ လုပ်ငန်းစချင်လဲဆိုတာပေါ်လည်းမူတည်ပါတယ်။ ကိုယ့် website ရဲ့ လုပ်ဆောင်ချက်တွေကို ပိုပြီး ထိန်းချုပ်နိုင်ချင်တယ်၊ စိတ်တိုင်းကျ ပြင်ဆင်ချင်တာလေးတွေ ရှိတယ်ဆိုရင်တော့ ပိုပြီး ထိန်းချုပ်ပြင်ဆင်မှုတွေလုပ်နိုင်တဲ့ Bagisto ကတော့အဆင်ပြေပါတယ်။ ဒါတွေမစဉ်းစားချင်ဘူး.. လွယ်လွယ်ကူကူ အသင့်အနေအထားနဲ့ အသုံးပြုချင်တယ်ဆိုရင်တော့​ Shopify ကိုရွေးချယ်သင့်ပါတယ်။

၃။ သင့်ရဲ့ လုပ်ငန်းဦးတည်ချက်နဲ့ကိုက်ညီတဲ့ ဒီဇိုင်းပုံစံ (Theme) ကိုရွေးချယ်နိုင်ခြင်း

Shopify မှာဆိုရင်တော့ ကိုယ်လိုချင်တဲ့ဒီဇိုင်းပုံစံ (Theme)  နဲ့ကိုက်ညီမှုရှိတာတွေကို အဆင်သင့်ရွေးချယ်နိုင်ပါတယ်။ Website တစ်ခုကို အစအဆုံးတည်ဆောက်စရာမလိုဘဲ ကိုယ်ကြိုက်တဲ့ ဒီဇိုင်းပုံစံကို ရွေးချယ်နိုင်တဲ့အတွက် အချိန်နဲ့ ငွေကုန်သက်သာစေမှာ အမှန်ပါပဲ။ ဒါ့အပြင် ကိုယ်လိုချင်တဲ့ လုပ်ဆောင်ချက် Function တွေကို လည်း အနည်းငယ် ပြန်လည်ပြင်ဆင်လို့ ရပါသေးတယ်။

Related: How to Choose the Right Template for Your Online Store  

၄။ ကုန်ပစ္စည်းတွေ ပြသခြင်း နဲ့ ငွေပေးချေစနစ်ထည့်သွင်းခြင်း

ဒီဇိုင်းပုံစံ အတွက် ဆုံးဖြတ်ပြီးသွားပြီဆိုရင်တော့ မိမိရောင်းချချင်တဲ့ ကုန်ပစ္စည်းတွေကို website ပေါ်တင်ရမှာဖြစ်ပြီး ငွေပေးချေမှုစနစ်ကိုလည်း တပ်ဆင်ရမှာဖြစ်ပါတယ်။ ကုန်ပစ္စည်းတွေကို Website ပေါ်တင်တဲ့အခါမှာ အရေးကြီးတာက ကုန်ပစ္စည်းတွေရဲ့ အသေးစိတ်အချက်အလက်၊ ဓာတ်ပုံနဲ့ ကုန်ပစ္စည်းအမျိုးစားတွေကို သေချာစွာဖြည့်သွင်းဖို့လိုပါတယ်။ ဒီအချက်က ကုန်ပစ္စည်းရောင်းကောင်းမကောင်းဆိုတဲ့ အပေါ်သက်ရောက်မှုရှိပါတယ်။ နောက်တစ်ချက်အနေနဲ့ အသုံးပြုသူတွေအဆင်ပြေစွာဝယ်ယူနိုင်ဖို့ ငွေပေးချေမှုစနစ်ကိုတပ်ဆင်ရမှာဖြစ်ပါတယ်။

Related: 8 Easy Rules to Write Product Descriptions That Sells   

Related: How to Choose the Best Payment Solution for your E-Commerce   

၅။ Website ကိုမိတ်ဆက်ခြင်း

လိုအပ်တာတွေအကုန် ပြင်ဆင်ပြီးပြီဆိုရင်တော့ ကုန်ပစ္စည်းတွေကို စပြီးရောင်းလို့ရပါပြီ။ ပင်မစာမျက်နှာ (Home Page), မိမိလုပ်ငန်းရဲ့အကြောင်း(About Us) နဲ့ ဆက်သွယ်ရမယ့်လိပ်စာ(Contact Page) တို့ကိုထည့်သွင်းဖို့လည်းမမေ့ပါနဲ့။ ဒီအချက်တွေက မိမိလုပ်ငန်းကို ပိုပြီး ယုံကြည်အားထားဖွယ်ကောင်းအောင်၊ လူတွေက စိတ်ချလာအောင်လုပ်ပေးနိုင်တဲ့အရာတွေမို့လို့ပါ။ ပြီးတော့ ဒီစာမျက်နှာခွဲလေးတွေလုပ်ဆောင်ထားခြင်းကလည်း ပင်မစာမျက်နှာနဲ့ချိတ်ဆက်ပေးနိုင်မှာဖြစ်ပြီး ဒါကလည်း SEO တည်ဆောက်ခြင်းအတွက် အဓိကကျတဲ့အချက်တစ်ခုဆိုလည်းမမှားပါဘူး။

Related: Five Things to Check Before Your New Website Goes Live   

အခုဆို လုပ်ဆောင်ချက်တွေအပြည့်နဲ့ eCommerce Platform တစ်ခုကိုရရှိပြီဖြစ်လို့ သင့်လုပ်ငန်းကို Online စျေးကွက်ချဲ့ထွင်လို့ရပါပြီ။ ဒါပေမယ့် website ကို ဒီတိုင်းကြီးထားထားတာနဲ့ လူတွေလာဝယ်ကြမှာမျိုးတော့မဟုတ်ပါဘူး။ ကိုယ့်လုပ်ငန်းကို လူတွေသိအောင် Brand Awareness တွေလုပ်ပြီးတော့ ရောင်းအားမြင့်တက်လာအောင်၊ လူတွေခဏခဏ လာဝယ်အောင် ဆက်လက်ဆောင်ရွက်ရမှာပါ။ အဲဒီနေရာမှာ Analytics (Website ကရရှိမယ့် Data အချက်အလက်တွေ) က အရေးပါလာပြီ။ Analytics က သင့် website ကိုတကယ်စိတ်ဝင်စားတဲ့လူတွေဆီကိုရောက်နိုင်အောင်၊ website ထဲကိုလာရောက်ခဲ့သူတွေကို ကိုယ့်ရဲ့ customer ဖြစ်အောင် ဆွဲဆောင်နိုင်ဖို့ အကူအညီတွေအများကြီးပေးပါလိမ့်မယ်။ ဒီအကြောင်းတွေ ပိုပြီးသိရှိနိုင်ဖို့ အွန်လိုင်းစျေးကွက်နည်းဗျူဟာ (Online Marketing Strategies) တွေလေ့လာလို့ရမယ့် link လေးကိုလည်းဖော်ပြပေးထားတယ်နော်။

နိဂုံးချုပ်ရမယ်ဆိုရင်တော့ eCommerce ဒါမှမဟုတ် Business Model တစ်ခုတည်ဆောက်ခြင်းကဘယ်တော့မှ အဆုံးသတ်မရှိပါဘူး။ အမြဲတမ်းထိန်းသိမ်း၊ စမ်းသပ်ပြီး အမြဲတိုးတက်ကောင်းမွန်လာအောင်၊ စျေးကွက်လိုအပ်ချက်နဲ့ကိုက်ညီအောင် အစဉ်မပြတ်ဆောင်ရွက်နေမှ တကယ့် အောင်မြင်မှုမှတ်တိုင် စိုက်ထူနိုင်မှာပါ။

သင်ရော..အဆင်သင့်ဖြစ်နေပြီလား။သင့်လုပ်ငန်းအတွက် လုပ်ဆောင်ချက်များစွာပါဝင်တဲ့ Online Shop တစ်ခုကို စတင်ချင်တယ်ဆိုရင် fastForward ရှိနေပါတယ်။ fastForward နဲ့အတူ သင့်ရဲ့ လုပ်ငန်းတစ်ဟုန်ထိုးတိုးတက်လာစေဖို့ အခုပဲ ဆက်သွယ်လိုက်ပါ။

Stay Connected

More Updates

လက်ဆောင်ပေးဖို့အတွက် အိုင်ဒီယာများ

လက်ဆောင်ပေးဖို့အတွက် အိုင်ဒီယာများ   ကိုယ်ချစ်ရ၊ ခင်ရတဲ့ မွေးနေ့ရောက်ရင် ဘာပေးရမလဲဆိုတာ ခေါင်းစားဖူးပါသလား?   ကိုယ်ရဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေပဲဖြစ်ဖြစ်၊ မိဘ၊ ဆွေမျိုး၊ မောင်နှမကိုပဲဖြစ်ဖြစ် လက်ဆောင်ပေးလို့ရအောင် လူကြိုက်များတဲ့လက်ဆောင်အမျိုးအစားအခု (၂၀) ကို စာရင်းလုပ်ပေးထားပါတယ်။   ယောကျ်ားလေးနဲ့ မိန်းကလေးအတွက် လက်ဆောင်ပေးလို့ရမယ့် အမျိုးအစားခွဲပြီးပြောပြပေးသွားပါမယ်။   ယောကျာ်းလေးတွေအတွက် လက်ဆောင်အမျိုးအစားများ   ယောက်ျားတွေမွေးနေ့ဆိုရင် လက်ဆောင်ရတာရှားတတ်တာရှားတယ်။ မွေးနေ့လက်ဆောင်ကိုဘာလိုချင်တယ်ဆိုတာမျိုးလည်းမပြောတတ်တော့

Read More »

သင့်လုပ်ငန်း eCommerce စတင်ဖို့ လိုကြောင်းပြနေတဲ့ အချက် ၅ ချက်

Ecommerce တွေက အရမ်းကို လူဝင်စားတဲ့ အကြောင်းအရာဖြစ်လာပါတယ်။ ဒီနေ့ခေတ်ကာလမှာ ဈေးဝယ်သူတွေက အွန်လိုင်းကနေ ဈေးဝယ်ရတာကို ပို သဘောကျလာကြသလို ရောင်းသူတွေကလည်း ဒီ ဝယ်လိုအားကို ဖြည့်ဆည်းဖို့ ၊ လုပ်ငန်းအကြီးအသေးအလိုက် ကိုယ့် ကုန်ပစ္စည်းရောင်းချရဖို့ အခွင့်ကောင်းဖြစ်နေပါတယ်။ မိတ်ဆွေက အခုထိ အွန်လိုင်းမှာ ဈေးကွက် မစသေးဘူးဆိုရင်

Read More »
Protecting your brand during the time of Covid-19

ကိုယ့်ရဲ့Brand ကိုအခုလိုကာလမှာ ဘယ်လိုခိုင်မာအောင်တည်ဆောက်မလဲ။

ကိုဗစ်၁၉ရဲ့ရိုက်ခတ်မှုက ကုမ္ပဏီတွေကို ကိုယ့်ရဲ့ လုပ်ငန်းအကြောင်းကိုသေချာပြန်စဉ်းစားဖို့ အချိန်ပေးလိုက်သလိုပါပဲ။ အပြောင်းအလဲတွေအများကြီးရှိလာတဲ့အတွက် ကိုယ့်ရဲ့ လုပ်ငန်းအတွက် အခွင့်အရေးအသစ်တွေလည်း ရှိလာနိုင်သလို အခုလိုအိမ်မှာနေရတဲ့အချိန်မျိုးမှာ လူတွေကဒီဂျစ်တယ် ကွန်းတန့်တွေကိုပိုစိတ်ဝင်စားလာတာဖြစ်တဲ့အတွက် ဒီဂျစ်တယ် မားကတ်တင်းရဲ့ အခန်းကဏ္ဏကလည်း အရေးကြီးလာပါတယ်။ ဒီဘလော့ထဲမှာဆို Insightsတွေအားလုံးကို တစ်စုတစ်စည်းထဲဖော်ပြပေးထားလို့ ကိုယ့် Brand ကိုဘယ်လိုခိုင်မာအောင်ထိန်းသိန်းထားနိုင်မလဲဆိုတာနဲ့ လုပ်ငန်းရဲ့အရေးကြီးတဲ့ Core

Read More »

Ready to launch?

Get started with fastforward

Book a demo to find out more about how you can benefit from the platform