Ecommerce

5 ways to set up your business model for online success

Collier ရဲ့ပြောကြားချက်အရဆိုရင်တော့ မြန်မာနိုင်ငံရဲ့ eCommerce စျေးကွက်တန်ဖိုးဟာ ၉.၁၆ ဘီလီယံအထိရှိလာမယ်လို့ခန့်မှန်းထားပါတယ်။ မိုဘိုင်းဖုန်းနဲ့ အင်တာနက်အသုံးပြုမှုတွေများလာတာနဲ့အတူ သမာရိုးကျဆိုင်ခန်းတွေကလည်း အွန်လိုင်းပေါ်ကို တစ်စနဲ့ တစ်စ ကူးပြောင်းလာကြပြီဆိုတော့ eCommerce လုပ်ငန်းနယ်ပယ်ဟာ အနာဂါတ်မှာ တိုးတက်လာဖို့ပဲရှိပါတော့တယ်။ ဒါကြောင့်လည်း Fastforward ကနေပြီးတော့ Online ဆိုင်ခန်းဖွင့်တဲ့အခါလိုအပ်မယ့် နည်းဗျူဟာတွေကို ဝေမျှပေးသွားမှာပါ။

၁။ ရှာဖွေဖို့လွယ်ကူပါစေ။

၉၅% သောလူတွေက အွန်လိုင်းမှာ ကုန်ပစ္စည်းတွေဝယ်တဲ့အခါ ပင်မစာမျက်နှာကလွဲပြီး သိပ်မသွားတတ်ကြပါဘူး။ ထူးတော့မထူးဆန်းပါဘူး။ စူပါမားကတ်တွေမှာတောင် လူတွေက ကိုယ်မျက်စိနဲ့ တစ်တန်းတည်းမှာပြသထားတဲ့ ပစ္စည်းတွေကို ပဲ ဝယ်တတ်ကြတာများတာကိုး။ ဒီလိုမျိုးပဲ.. သင့်ရဲ့ ကုန်ပစ္စည်းတွေကို တခြားပြိုင်ဘက်တွေထက် ပိုပြီးမြင်စေချင်တယ်ဆိုရင်တော့ သင့်ရဲ့ Website ကိုသေချာပြုပြင်ပြီး လူတွေအရှာများတဲ့ စကားလုံးတွေကို SEO နည်းပညာနဲ့ ထည့်သွင်းသင့်ပါတယ်။ ဒါမှလည်း လူတွေများများမြင်နိုင်မှာဖြစ်ပါတယ်။

 Related: Key Tactics to Include in Your E-commerce SEO strategy

၂။ Analytics တွေကိုပြင်ဆင်ပြီး သေချာစွာတိုင်းတာစီစစ်ပါ။

 အွန်လိုင်းပေါ်ကစျေးရောင်းသူတွေအနေနဲ့ web analytics ကိုကောင်းကောင်းနားလည်ထားဖို့လိုပါတယ်။ ကိုယ့် website ကိုလာရောက်သွားသူတွေရဲ့ အချက်အလက်တွေ၊ လုပ်ဆောင်ချက်မှတ်တမ်းတွေကို Google Analytics ကနေကြည့်လို့ရပြီး ဒါတွေကိုသိထားခြင်းအားဖြင့် သင့်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်စေမှာပဲဖြစ်ပါတယ်။ စားသုံးသူတွေရဲ့ အမူအကျင့်တွေ၊ ပစ္စည်းတစ်ခုမဝယ်ခင် ဘယ်လိုပြုမူဆောင်ရွက်လဲ၊ သူတို့ ဘယ်လောက် ငွေပမာဏအထိ အသုံးပြုရတာကြိုက်လဲ စသည်ဖြင့် သိရှိနိုင်မှာပါ။ ဒီ စျေးကွက်အနေအထားကိုသိထားခြင်းကလည်း 

သင့်လုပ်ငန်ကို များစွာတိုးတက်လာစေမှာပါ။

Related: The Step-by-Step Guide to Google Analytics for E-commerce

၃။ တစ်ဦးချင်းစီနဲ့ အလိုအလျောက် ကိုက်ညီအောင် ဆောင်ရွက်ခြင်း

အွန်လိုင်းခြင်း(Cart) ထဲပစ္စည်းထည့်ထားပြီး စျေးမဝယ်သွားတဲ့သူတွေကို eCommerce လုပ်ငန်းတော်တော်များများက Emailကတဆင့် ပြန်ပြီးဝယ်ယူဖို့ သတိမပေးတတ်ကြပါဘူး။ HubSpot လိုမျိုး CRM software တွေအသုံးပြုမယ်ဆိုရင်တော့ ဝယ်ယူဖို့သတိပေးတဲ့ email တွေ အလိုအလျောက်ပို့လို့ရမှာဖြစ်ပြီး ကိုယ့်ရဲ့ customer တွေကို သိမ်းသွင်းနိုင်မှာဖြစ်ပါတယ်။ Email မှာလည်း Customer ရဲ့ နာမည်၊ အွန်လိုင်းခြင်း(Cart) ထဲ ထည့်ခဲ့တဲ့ ပစ္စည်းနာမည်

စတာတွေကို အလိုအလျောက်ဖော်ပြနိုင်မှာမို့ ဝယ်ယူသူတွေများလာနိုင်ပါတယ်။ မဝယ်ဖြစ်လိုက်တဲ့ ပစ္စည်းလေးကို ဓာတ်ပုံလေးနဲ့ပါတွဲပြီး ပို့နိုင်မယ်ဆိုရင်တော့ ချက်ချင်းမှတ်မိလွယ်ရုံသာမက သင့်လုပ်ငန်းရဲ့ loyal customer တစ်ယောက်ဖြစ်သွားနိုင်ပါတယ်။

Related: Abandoned Cart Email Strategy: 5 Ideas to Convert

၄။ မိုဘိုင်းဖုန်းပေါ်သုံးရလွယ်ကူအောင်လုပ်ခြင်း

မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းအသုံးပြုသူဦးရေ ၈၀% ကျော်ရှိလာပြီဆိုတော့ eCommerce လုပ်ငန်းတွေအနေနဲ့ မိုဘိုင်းဖုန်းအသုံးပြုသူတွေကို မိုဘိုင်းဖုန်းကတစ်ဆင့် စျေးဝယ်လာအောင်ဆောင်ရွက်ရပါတော့တယ်။ ကွန်ဗျူတာတွေက တစ်ဆင့်သုံးတာနည်းလာပြီး ဖုန်းကတစ်ဆင့်ပဲဝယ်ကြတာများလာတော့ သင့်လုပ်ငန်းအနေနဲ့လည်း ဖုန်းပေါ်မှာ အလွယ်တကူအသုံးပြုနိုင်အောင်​ ဆောင်ရွက်ပြီး စျေးကွက်ချဲ့ထွင်တာတွေလုပ်ရပါမယ်။ ဒါမှလည်း ဝယ်ယူသူတွေများလာပြီး ပြိုင်ဖက်တွေနဲ့ယှဉ်ရင်လည်း ထင်ပေါ်နေစေမှာဖြစ်ပါတယ်။

၅။ ရောင်းချဖို့ထက် ဝန်ဆောင်မှုကောင်းဖို့ ဦးစားပေးပါ

စျေးရောင်းခြင်းရဲ့ အဓိကရည်ရွယ်ချက်က customerရဖို့ပါပဲ။ သူတို့ပထမဆုံးစျေးဝယ်ချိန် ရလိုက်တဲ့ အတွေ့အကြုံဟာ စိတ်ချမ်းသာစရာကောင်းနေမှ နောက်လည်း ခဏ ခဏ ဝယ်ချင်မှာဖြစ်ပါတယ်။ customer တွေရဲ့ လိုအပ်ချက်တွေ၊ ပြဿနာတွေကို သေချာသိရှိပြီး သမာရိုးကျဆိုင်မှာ ဝယ်ရတာထက် သာလွန်တဲ့ အတွေ့အကြုံတစ်ခုဖြစ်လာဖို့ ပြုစုပျိုးထောင်ပေးရမှာပါ။ ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့ ဘာသာစကားမျိုးစုံ ၊ငွေပေးချေစနစ်မျိုးစုံ၊ အလွယ်တကူ ရှာဖွေလို့ရမယ့်နေရာ (Search Box) စတာတွေကိုထည့်သွင်းပေးထားခြင်းအားဖြင့် သူတို့စျေးဝယ်တဲ့အခါ အဆင်ပြေချောမွေ့စေမှာပါ။ ဒီအသေးစိတ်အချက်လေးတွေကို ဂရုတစိုက်လုပ်ထားခြင်းအားဖြင့် သင့် လုပ်ငန်းက အွန်လိုင်းပေါ်မှာ ထူးခြားမှုရှိပြီး လူတွေအများကြီးက အားပေးလာကြမှာပါ။

 

Stay Connected

More Updates

လက်ဆောင်ပေးဖို့အတွက် အိုင်ဒီယာများ

လက်ဆောင်ပေးဖို့အတွက် အိုင်ဒီယာများ   ကိုယ်ချစ်ရ၊ ခင်ရတဲ့ မွေးနေ့ရောက်ရင် ဘာပေးရမလဲဆိုတာ ခေါင်းစားဖူးပါသလား?   ကိုယ်ရဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေပဲဖြစ်ဖြစ်၊ မိဘ၊ ဆွေမျိုး၊ မောင်နှမကိုပဲဖြစ်ဖြစ် လက်ဆောင်ပေးလို့ရအောင် လူကြိုက်များတဲ့လက်ဆောင်အမျိုးအစားအခု (၂၀) ကို စာရင်းလုပ်ပေးထားပါတယ်။   ယောကျ်ားလေးနဲ့ မိန်းကလေးအတွက် လက်ဆောင်ပေးလို့ရမယ့် အမျိုးအစားခွဲပြီးပြောပြပေးသွားပါမယ်။   ယောကျာ်းလေးတွေအတွက် လက်ဆောင်အမျိုးအစားများ   ယောက်ျားတွေမွေးနေ့ဆိုရင် လက်ဆောင်ရတာရှားတတ်တာရှားတယ်။ မွေးနေ့လက်ဆောင်ကိုဘာလိုချင်တယ်ဆိုတာမျိုးလည်းမပြောတတ်တော့

Read More »

သင့်လုပ်ငန်း eCommerce စတင်ဖို့ လိုကြောင်းပြနေတဲ့ အချက် ၅ ချက်

Ecommerce တွေက အရမ်းကို လူဝင်စားတဲ့ အကြောင်းအရာဖြစ်လာပါတယ်။ ဒီနေ့ခေတ်ကာလမှာ ဈေးဝယ်သူတွေက အွန်လိုင်းကနေ ဈေးဝယ်ရတာကို ပို သဘောကျလာကြသလို ရောင်းသူတွေကလည်း ဒီ ဝယ်လိုအားကို ဖြည့်ဆည်းဖို့ ၊ လုပ်ငန်းအကြီးအသေးအလိုက် ကိုယ့် ကုန်ပစ္စည်းရောင်းချရဖို့ အခွင့်ကောင်းဖြစ်နေပါတယ်။ မိတ်ဆွေက အခုထိ အွန်လိုင်းမှာ ဈေးကွက် မစသေးဘူးဆိုရင်

Read More »
Protecting your brand during the time of Covid-19

ကိုယ့်ရဲ့Brand ကိုအခုလိုကာလမှာ ဘယ်လိုခိုင်မာအောင်တည်ဆောက်မလဲ။

ကိုဗစ်၁၉ရဲ့ရိုက်ခတ်မှုက ကုမ္ပဏီတွေကို ကိုယ့်ရဲ့ လုပ်ငန်းအကြောင်းကိုသေချာပြန်စဉ်းစားဖို့ အချိန်ပေးလိုက်သလိုပါပဲ။ အပြောင်းအလဲတွေအများကြီးရှိလာတဲ့အတွက် ကိုယ့်ရဲ့ လုပ်ငန်းအတွက် အခွင့်အရေးအသစ်တွေလည်း ရှိလာနိုင်သလို အခုလိုအိမ်မှာနေရတဲ့အချိန်မျိုးမှာ လူတွေကဒီဂျစ်တယ် ကွန်းတန့်တွေကိုပိုစိတ်ဝင်စားလာတာဖြစ်တဲ့အတွက် ဒီဂျစ်တယ် မားကတ်တင်းရဲ့ အခန်းကဏ္ဏကလည်း အရေးကြီးလာပါတယ်။ ဒီဘလော့ထဲမှာဆို Insightsတွေအားလုံးကို တစ်စုတစ်စည်းထဲဖော်ပြပေးထားလို့ ကိုယ့် Brand ကိုဘယ်လိုခိုင်မာအောင်ထိန်းသိန်းထားနိုင်မလဲဆိုတာနဲ့ လုပ်ငန်းရဲ့အရေးကြီးတဲ့ Core

Read More »

Ready to launch?

Get started with fastforward

Book a demo to find out more about how you can benefit from the platform