charles-deluvio-ZQ1TGdfXOkE-unsplash

eCommerce က ဈေးဝယ်သူတွေကို ကူညီပေးနိုင်တဲ့ အဓိက အချက် (၃) ချက်

သက်သောင့်သက်သာရှိခြင်း

eCommerce ကြောင့် ဖုန်း၊ တက်ပလက်၊ ကွန်ပျူတာတွေပေါ်မှာ တစ်ချက်လေး နှိပ်လိုက်ရုံနဲ့  ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို မြန်ဆန်စွာ မှာယူနိုင်ပါတယ်။ ဈေးဝယ်သူတွေအတွက် အချိန်ကုန်သက်သာစေသလို လူချင်းထိတွေ့စရာလည်း မလိုပါဘူး။ နောက်ပြီး eCommerce ကြောင့် ကိုယ့်ရဲ့လုပ်ငန်းကို ၂၄ နာရီဝန်ဆောင်မှု ပေးနိုင်ပြီး ဈေးဝယ်သူတွေအနေနဲ့ သူတို့အဆင်ပြေတဲ့အချိန်မှာ ထုတ်ကုန်ရဲ့ သက်တမ်း၊ အချက်အလက်တွေ အားလုံးကို အေးအေးဆေးဆေး ကြည့်ရှုမှာယူနိုင်ပါတယ်။ 

အချက်အလက်တွေရယူနိုင်ခြင်း

ယနေ့ခေတ် ကမ္ဘာကြီးမှာ ဈေးဝယ်သူတွေကသူတို့ဝယ်ယူချင်တဲ့ အရာတွေရဲ့ အချက်အလက်တွေကို လွယ်ကူလျင်မြန်စွာ ရှာချင်ကြပါတယ်။ eCommerce ဟာ ကိုယ့်ရဲ့ထုတ်ကုန်စာရင်း၊ ထုတ်ကုန်ရဲ့ အသေးစိတ်အချက်အလက်၊ မှာထားတဲ့ အော်ဒါရဲ့ အခြေအနေ အစရှိတဲ့ အသေးစိတ်အချက်အလက်တွေကို သိနိုင်အောင် ဆောင်ရွက်ပေးပါတယ်။ ဈေးဝယ်သူတွေရဲ့ မျက်စိရှေ့မှာပဲ အသေးစိတ်အချက်အလက် အကုန်သိနိုင်တဲ့အတွက်ကြောင့် ဝယ်ယူဖို့ရာအတွက် ပိုလွယ်ကူစေပြီး၊ ပိုပြီးလည်း ယုံကြည်စိတ်ချရမှု ရှိစေပါတယ်။ 

ကိုယ်ပိုင်အတွေ့အကြုံရရှိမှု

eCommerce ရှိခြင်းကြောင့် လုပ်ငန်းတွေအနေနဲ့ ဈေးဝယ်သူတွေရဲ့ အချက်အလက်တွေနဲ့ သူတို့ ဝယ်လေ့ဝယ်ထရှိတဲ့ ပုံစံတွေကို သိနိုင်ပါတယ်။ ဒီအချက်အလက်တွေကြောင့် ဈေးဝယ်သူတွေကို သင့်တော်တဲ့ မက်ဆေ့ချ်တွေပို့နိုင်မယ့်အပြင် သူတို့အကြိုက်သီးသန့် ဈေးဝယ်အတွေ့အကြုံတစ်ခုကိုလည်း ဖန်တီးပေးနိုင်ပါမယ်။ ကြော်ငြာတွေ၊ newsletters တွေ၊ email တွေအပြင် ဈေးဝယ်သူတွေရဲ့ သူတို့စိတ်ကြိုက် website မှာကြည့်ရှုထားတဲ့ အကြောင်းအရာတွေကို သိရခြင်းဟာ ဈေးဝယ်သူတွေအတွက် သီးသန့်ကိုယ်ပိုင်ဝန်ဆောင်မှုတွေကို ယူဆောင်လာပေးနိုင်ပါတယ်။ 

လက်ရှိအခြေအနေတွေကြောင့် အွန်လိုင်းကနေ ဝယ်ယူမှုတွေ တိုးလာတာနဲ့အမျှ မြန်မာပြည်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ သာမန်စတိုးဆိုင်တွေကနေပြီး eCommerce ပါဝင်တဲ့ လုပ်ငန်းတွေအဖြစ် ပြောင်းလဲဖို့ စဉ်းစားနေကြပါပြီ။

 

Stay Connected

More Updates

လက်ဆောင်ပေးဖို့အတွက် အိုင်ဒီယာများ

လက်ဆောင်ပေးဖို့အတွက် အိုင်ဒီယာများ   ကိုယ်ချစ်ရ၊ ခင်ရတဲ့ မွေးနေ့ရောက်ရင် ဘာပေးရမလဲဆိုတာ ခေါင်းစားဖူးပါသလား?   ကိုယ်ရဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေပဲဖြစ်ဖြစ်၊ မိဘ၊ ဆွေမျိုး၊ မောင်နှမကိုပဲဖြစ်ဖြစ် လက်ဆောင်ပေးလို့ရအောင် လူကြိုက်များတဲ့လက်ဆောင်အမျိုးအစားအခု (၂၀) ကို စာရင်းလုပ်ပေးထားပါတယ်။   ယောကျ်ားလေးနဲ့ မိန်းကလေးအတွက် လက်ဆောင်ပေးလို့ရမယ့် အမျိုးအစားခွဲပြီးပြောပြပေးသွားပါမယ်။   ယောကျာ်းလေးတွေအတွက် လက်ဆောင်အမျိုးအစားများ   ယောက်ျားတွေမွေးနေ့ဆိုရင် လက်ဆောင်ရတာရှားတတ်တာရှားတယ်။ မွေးနေ့လက်ဆောင်ကိုဘာလိုချင်တယ်ဆိုတာမျိုးလည်းမပြောတတ်တော့

Read More »

သင့်လုပ်ငန်း eCommerce စတင်ဖို့ လိုကြောင်းပြနေတဲ့ အချက် ၅ ချက်

Ecommerce တွေက အရမ်းကို လူဝင်စားတဲ့ အကြောင်းအရာဖြစ်လာပါတယ်။ ဒီနေ့ခေတ်ကာလမှာ ဈေးဝယ်သူတွေက အွန်လိုင်းကနေ ဈေးဝယ်ရတာကို ပို သဘောကျလာကြသလို ရောင်းသူတွေကလည်း ဒီ ဝယ်လိုအားကို ဖြည့်ဆည်းဖို့ ၊ လုပ်ငန်းအကြီးအသေးအလိုက် ကိုယ့် ကုန်ပစ္စည်းရောင်းချရဖို့ အခွင့်ကောင်းဖြစ်နေပါတယ်။ မိတ်ဆွေက အခုထိ အွန်လိုင်းမှာ ဈေးကွက် မစသေးဘူးဆိုရင်

Read More »
Protecting your brand during the time of Covid-19

ကိုယ့်ရဲ့Brand ကိုအခုလိုကာလမှာ ဘယ်လိုခိုင်မာအောင်တည်ဆောက်မလဲ။

ကိုဗစ်၁၉ရဲ့ရိုက်ခတ်မှုက ကုမ္ပဏီတွေကို ကိုယ့်ရဲ့ လုပ်ငန်းအကြောင်းကိုသေချာပြန်စဉ်းစားဖို့ အချိန်ပေးလိုက်သလိုပါပဲ။ အပြောင်းအလဲတွေအများကြီးရှိလာတဲ့အတွက် ကိုယ့်ရဲ့ လုပ်ငန်းအတွက် အခွင့်အရေးအသစ်တွေလည်း ရှိလာနိုင်သလို အခုလိုအိမ်မှာနေရတဲ့အချိန်မျိုးမှာ လူတွေကဒီဂျစ်တယ် ကွန်းတန့်တွေကိုပိုစိတ်ဝင်စားလာတာဖြစ်တဲ့အတွက် ဒီဂျစ်တယ် မားကတ်တင်းရဲ့ အခန်းကဏ္ဏကလည်း အရေးကြီးလာပါတယ်။ ဒီဘလော့ထဲမှာဆို Insightsတွေအားလုံးကို တစ်စုတစ်စည်းထဲဖော်ပြပေးထားလို့ ကိုယ့် Brand ကိုဘယ်လိုခိုင်မာအောင်ထိန်းသိန်းထားနိုင်မလဲဆိုတာနဲ့ လုပ်ငန်းရဲ့အရေးကြီးတဲ့ Core

Read More »

Ready to launch?

Get started with fastforward

Book a demo to find out more about how you can benefit from the platform